25.3 C
Yangon
- Advertisement -spot_img

TAG

khit thit news

ပြည်သူများထံမှ ဖမ်းဆီးရရှိသော လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ပျူစောထီး၊ ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ စီးနင်းရန် ပြန်လည် ချထားပေး

သိမ်းဆည်းရရှိထားသော လိုင်စင်မဲ့ကားများကို စစ်ကောင်စီက ဝန်ကြီးဌာနများနှင့်လက်အောက်ခံ အဖွဲ့အစည်းများထံသို့ ခွဲဝေပေးရန်မည် ရန်ကုန်၊ ဇွန် ၂၄ ပဲခူးတိုင်းအတွင်း ပြည်သူများထံမှ ဖမ်းဆီးရရှိသော လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ စစ် တပ်၊ ရဲ၊ ပျူစောထီး၊ ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ စီးနင်းရန် ပြန်လည် ချထားပေးနေကြောင်း ပဲခူးတိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်...

စစ်ကောင်စီတပ်က ရန်ကုန်မှ အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းကို စစ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးပြီး ကန်ဒေါင့်ရဲစခန်းတိုက်ပွဲသို့ ပို့ဆောင်စဉ် စစ်သုံ့ပန်းအဖြစ် PLA က ဖမ်းဆီးရရှိ

စစ်သုံ့ပန်းများတွင် ရန်ကုန်အဝေးပြေးဝင်းတွင် ပေါ်တာဆွဲခံရသူ၊ ဒဏ်ရာရရှိသဖြင့် စစ်တပ်က ချန်ထားရစ်ခဲ့သူများ ပါဝင် ရန်ကုန်၊ ဇွန် ၂၄ အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်မှ အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းကို စစ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းတိုက်ပွဲသို့ ပို့ဆောင်စဉ် စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က...

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်မိကာ ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇွန် ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်မိကာ ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Natogyi People Defence Force...

ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာမှ အုပ်ချုပ်ရေးမှူး မိုးဝင်း ကြိုးဆွဲချ အဆုံးစီရင်၊ ပေါင်းတည်တွင် စစ်သား အလောင်းနှင့် ဒဏ်ရာရသူများကို ပြန်လည် ပို့ဆောင်သော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မိုးဝင်းသည် မိမိ ကိုယ်မိမိ ကြိုးဆွဲချကာ အဆုံးစီရင်သွားကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်...

လယ်ဒိုနှင့် မူး ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၁၁ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများပါ ပျက်စီး

ရန်ကုန်၊ ဇွန် ၂၃ ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ် နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၁ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး...

တပ်မတော်(လေ) အမှတ်တံဆိပ်ဖြင့် Y-8 လေယာဉ်သစ် ၂ စီးကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်တွင် ရှာဖွေတွေ့ရှိရပြီး စစ်ကောင်စီအတွက် မကြာမီအသုံးပြုတော့မည်ဟု Myanmar Witness ပြော

ရန်ကုန်၊ ဇွန် ၂၃ အကြမ်းဖက်စစ်ကောင်စီတပ်မတော်(လေ) အမှတ်တံဆိပ်ဖြင့် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်သစ် ၂ စီးကို တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်တွင် ရှာဖွေတွေ့ရှိရပြီး စစ်ကောင်စီအတွက် မကြာမီအသုံးပြုတော့မည်ဟုယူဆရကြောင်း Myanmar Witnessက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ Myanmar Witness သည် Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်...

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားခြင်းလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၂၂ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားခြင်းလုံးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပြိုင်ပွဲကို မေတ္တာပါရမီပရဟိတအသင်းဦးဆောင်ပြီး ပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများကို ပုလဲမြို့နယ် စစ်ရှောင်ပညာသင်းကျောင်းများ၊ ဆလင်းကြီးမြို့နယ်တွင် ကလေးငယ်များပညာသင်ကြားရန်အတွက် အသက်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်ပြီး ဗုံးခိုတွင်းအလှူများ‌၌ ထိထိရောက်ရောက် ထောက်ပို့လှူဒါန်းသွားကြောင်း၊ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ဆုပေးပွဲတွင် တော်လှန်ရေးအမြန်အောင်မြင်ရန် များများထောက်ပို့၊ မြန်မြန်အောင်ပွဲရမည်ဟု...

စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ သစ်တောရုံးဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ သစ်တောရုံးဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း စဉ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ...

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာနေသူ ညီအစ်ကို ၂ ဦး သေဆုံး

ရန်ကုန် ၊ ဇွန် ၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာဇွန်လ ၂၀ ရက် ညပိုင်းက ဆုထူးပန် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့်ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကရပါတယ်။ မြေစာပုံပြိုကျမှုကြောင့် မြေပိသေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ကုမ္ပဏီတစ်ခုမှ ဘက်ဟိုးအကူအညီရယူ ရှာဖွေခဲ့ရာ...

ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇွန် ၂၂ အမေရိကန်နိုင်ငံ မြောက်ပိုင်းကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာနေ မြန်မာပြည်နယ်ဖွား တိုင်းရင်းသားမိသားစုများအားလုံး စုပေါင်းပြီး Myanmar Community and Cultural Center တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ကို အကြောင်းပြု၍ Suu80 အထိမ်းအမှတ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး...

Latest news

- Advertisement -spot_img