26.1 C
Yangon
- Advertisement -spot_img

TAG

khit thit news

Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ

ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချ နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA မှ တာဝန်ရှိသူ တစ်ဦးက...

ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၀ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦးသေ ဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့...

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နှင့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော် တို့ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို နန်းတွင်း စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်၊ ဇွန် ၁၀ အကြမ်းဖက် စစ်ကောင်စီက တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်နှင့် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်တို့ကို ရာထူးတာဝန်များမှ ဖယ်ရှားလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက တပ်မ ၉၉ တပ်မှူး...

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ် ၂ ခု နွာထိုးကြီးနှင့်မတ္တရာမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး မန္တလေးနှင့်နေပြည်တော်တွင် သိသိသာသာ ခံစားသိရှိ

ရန်ကုန်၊ ဇွန် ၁၀ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ် ၂ ခု ယနေ့နံနက်ပိုင်း နွာထိုးကြီးနှင့်မတ္တရာမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး မန္တလေးနှင့်နေပြည်တော်တွင် သိသိသာသာ ခံစားသိရှိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏...

သံတောင်ကြီးရှိ ၁၃ မိုင်နှင့်ကျောက်လုံးကြီးစစ်တပ်စခန်းများနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၉ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ၁၃ မိုင်စစ်စခန်း၊ ကျောက်လုံးကြီးစခန်းနှင့်စစ်တပ်စစ်ကြောင်း ကို တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း People Defense Force Thandaung အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ သံတောင်မြို့နယ်၊ သံတောင်-လိပ်သို-တောင်ငူလမ်းပိုင်း တနေရာတွင်...

ဒိုက်ဦး ခမရ ၄၄၀ တပ်ရင်းနှင့် ရေးမြို့ ခလရ ၂၉၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၄ ဦးက လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး အလင်းဝင်တပ်သားသစ်များမှာ စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများဖြစ်

ရန်ကုန်၊ ဇွန် ၁၀ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ခမရ ၄၄၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း အမှတ် ၂၇ စစ်ဗျူဟာနှင့် တပ်မဟာ ၁ PDFတာဝန်ခံ ကိုအေးမင်းထွန်းက...

နေပြည်တော်၊ အမှတ် ၃ စစ်ကြောရေးနှင့်တည်းခိုရေးတပ်တွင် စစ်မှုထမ်းတပ်သားသစ် နန်းစောင်ကို စစ်သား ၁ ဦးက ကတ် ကြေးဖြင့် ထိုးသတ်

ရန်ကုန်၊ ဇွန် ၁၀ နေပြည်တော်၊ အမှတ် ၃ စစ်ကြောရေးနှင့်တည်းခိုရေးတပ်တွင် စစ်မှုထမ်းတပ်သားသစ် နန်းစောင်ကို စစ်သား ၁ ဦးက ကတ် ကြေးဖြင့် ထိုးသတ်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၁၂...

ကျောက်ဖြူတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာချိန် ကျောက်ဖြူစီမံကိန်းမှ အရေးကြီး တရုတ်နိုင်ငံသားများ ပြောင်းရွှေ့မှုများ စတင်လုပ်ဆောင်နေ

ရန်ကုန်၊ ဇွန် ၁၀ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာချိန် ကျောက်ဖြူစီမံကိန်းမှ တရုတ်နိုင်ငံသားများ ပြောင်းရွှေ့မှုများ လုပ်ဆောင်လာကြောင်း ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ်ဆန်းပိုင်းမှစတင်၍ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ တစထက် တစ ပိုမိုပြင်းထန်လာချိန်...

လက်ပံတန်းတွင် ပျူစောထီး ၁ ဦးကို PDF က တားဆီး စစ်ဆေးစဉ် ခုခံထွက်ပြေးသွား၍ ပစ်ခတ် ဖမ်းဆီးရာ သေဆုံး

ရန်ကုန်၊ ဇွန် ၉ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် ပျူစောထီး ၁ ဦးကို တားဆီး စစ်ဆေးစဉ် ခုခံထွက်ပြေးသွား၍ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လက်ပံတန်းမြို့နယ်...

တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ် စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က နေ့စဉ် စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ...

Latest news

- Advertisement -spot_img