26.4 C
Yangon
- Advertisement -spot_img

TAG

khit thit news

Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ

ရန်ကုန်၊ ဇွန် ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိသွားပြီဖြစ်သည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ယနေ့တွင် တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီက...

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၃ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Peacock Drone Team Myaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။ မေလ ၂၉ ရက်နေ့...

ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးထား၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးထားကာ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက...

ဖားကန့်၊ ကျောက်မျက်လုပ်ကွက်တွင် ယမ်းဂိုဒေါင်ပေါက်ကွဲမှု လုပ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ၊ စစ်ကောင်စီ၏ တိုက်ခိုက်မှုဟု ယူဆရ

ရန်ကုန်၊ ဇွန် ၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာအနီး ဆွတ်ဘွမ်ကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တွင် ယမ်းဂိုဒေါင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုပ်သား ၂ ဦး သေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅...

မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်ဖမ်းဟုဆို

ရန်ကုန်၊ ဇွန် ၃ မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုခဲ့သည့် စစ်လော်ဘီ ဇော် ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း ပြင်ဦးလွင်ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော...

အပစ်ရပ်ကြေညာထားသော စစ်ကောင်စီက ဆီဆိုင်မြို့နယ်ရှိ PNLO ဌာနချုပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက် နက်ကြီးများဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၃ အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြေညာထားသော်လည်း အပြောနှင့်အလုပ် မညီပဲ PNLA ဒေသကို လက် နက်ကြီးများဖြင့် တိုက်ခိုက်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန် ရှိသူ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသတွင်းသို့လည်းကောင်း၊ ဇွန်လ ၂ ရက်နေ့တွင်...

ပုဂံမြို့သစ် ဂန့်ဂေါရပ်ကွက်ဇရပ်တွင် ပျူစောထီး ခေါင်းဆောင် ဇော်ဇော် အပါအဝင် ပျူစောထီး ၉ ဦးက ပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ဝင်ရောက် ပစ်ခတ်မှု ၈ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇွန် ၃ မန္တလေးတိုင်း၊ ပုဂံမြို့သစ် ဂန့်ဂေါရပ်ကွက်ဇရပ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် ဇော်ဇော် အပါအဝင် ပျူစောထီး ၉ ဦးက ပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ၈ ဦးသေဆုံးခဲ့ကြောင်း ထနောင်းမြေ စစ်ကြောင်း...

ညောင်ရွှေတွင် အင်အား ၁၀၀၀ ခန့် ဖြင့် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူလူထု၏နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် အင်အား ၁၀၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား၊ PNO ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်က ပြည်သူ့နေ အိမ် ၁၀ လုံးထက်နည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၁၀၀၉ တပ်ရင်း -အင်းလေးပြည်သူ့ကာ...

ဖားကန်မြို့နယ်၊ မှော်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကားနှင့်ဘက်ဟိုးကားများကို စစ်တပ်က ထပ်မံမီးရှို့ပြန်

ရန်ကုန်၊ ဇွန် ၃ ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ မှော်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကားနှင့်ဘက်ဟိုးကားများကို စစ်တပ်က မီးဝင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီဇာလုပ်ကွက်ရှိ ၁၁၁...

မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ လချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားများနှင့်ဆိုင်ကယ်များကို စီမံချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးရာတွင် ငွေညှစ်ခံရမှုများ၊ ထောင်ဒဏ် ၁ ချခံရမှုများနှင့် စစ်မှုထမ်းအဖြစ် ဖမ်းဆီး စုဆောင်းခံရမှုများ အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။ ဇွန်လ ၁ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို...

Latest news

- Advertisement -spot_img