26 C
Yangon
- Advertisement -spot_img

TAG

khit thit news

တိုင်းပြည်တွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိနေသော်လည်း ပြည်ပထွက်သူများ များ ပြားနေခြင်း နှင့် ပြည်ပမှ ပစ္စည်းများ တရားမဝင် တင်သွင်းနေ၍ နိုင်ငံခြားငွေ လိုငွေပြ စျေးနှုန်းတက်နေဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ မေ ၃၁ တိုင်းပြည်တွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိနေသော်လည်း ပြည်ပထွက်သူများ များပြားနေခြင်း နှင့် ပြည်ပမှ ပစ္စည်းများ တရားမဝင် မှာယူတင်သွင်း နေခြင်းတို့ကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများပြားကာ လိုငွေပြသပြီး နိုင်ငံခြားငွေစျေးများ မြင့်တက်နေရခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆိုလာပြန်သည်။ ယမန်နေ့...

ကျောက်ဖြူတွင် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်ကို ဗိုလ်မှူးချုပ်ရာထူးတစ်ဆင့်တိုးပေး

ရန်ကုန်၊ မေ ၃၁ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်ကို ဗိုလ်မှူးချုပ်ရာထူးတစ်ဆင့်တိုးပေးကြောင်း တပ်အသိုင်းအ၀ိုင်းနှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ မေလ ၂၇ ရက်နေ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့်...

မိုးဗြဲမြို့တွင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

ရန်ကုန်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့တွင်း တစ်နေရာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Mobye people defense force - Local PDF က သတင်းထုတ်ပြန်ထားသည်။ မေလ ၃၀ ရက်နေ့...

ထိုင်း- မြန်မာ နယ်စပ်ရှိ စခန်းသိမ်း တိုက်ပွဲများမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား အားလုံးကို ထိုင်းစစ်တပ်က BGF ထံ ပြန်လွှဲပေး

ရန်ကုန်၊ မေ ၃၀ ထိုင်း-မြန်မာ နယ်စပ်ရှိ စခန်းသိမ်း တိုက်ပွဲများမှ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံးကို ထိုင်းစစ်တပ်က BGF ထံ ပြန်လွှဲပေးခဲ့ကြောင်း တော်လှန်ရေး ထောက်ပို့လုပ်ဆောင်နေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈...

ဘုတလင်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၂၉ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေါင်းရာဇာပင်မ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နေလ ၂၉ ရက်နေ့တွင်...

မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခဲ့သည့် Nordic Aviation Capital ကုမ္ပဏီအား NCP Denmark တွင်တိုင်ကြားခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေဟု JFM ထုတ်ပြန်

ရန်ကုန်၊ မေ ၂၈ မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များ ရောင်းချခဲ့သည့် Nordic Aviation Capital ကုမ္ပဏီအား NCP Denmark တွင် တိုင်ကြားခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Justice For Myanmar (JFM) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ပြင်သစ်နိုင်ငံထုတ် Avions...

စစ်ကောင်စီကို အရေးယူပေးရေး နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်အင်အားစုက လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ မေ ၂၈ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးလူထုသပိတ်က ဦးဆောင်ပြီး ပြည်သူများနှင့် အတူ “ Vote ILO Article 33 to save LIVES ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများနှင့် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

KNLA ၏ ချေမှုန်းမှုကြောင့် သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပျက်စီးပြီး ထိုင်းနိုင်ငံဘက်သို့ စစ်သား ၁၀ ဦးထက်မနည်း ထွက်ပြေးသွား

ရန်ကုန်၊ မေ ၂၈ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိကာ အများအပြား သေဆုံးသွားကြောင်း၊ စစ်သား ၁၀ ဦးထက်မနည်းမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း KNLA...

ကျောက်ကြီးမြို့၊ တာင်စုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၇ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ တာင်စုရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၇ ဦးအရှင် ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Falcons Guerilla Force အဖွဲ့က ပြောဆိုသည်။ မေလ ၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့...

တောင်သာမြို့နယ်တွင် စစ်တပ် စစ်ကူ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၇ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကူ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ ကပြောဆိုသည်။ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထနောင်းကုန်းပျူစောထီးရွာသို့...

Latest news

- Advertisement -spot_img