29.7 C
Yangon
- Advertisement -spot_img

TAG

khit thit news

ကျုံဒိုးမြို့တွင် နေအိမ်ခဏပြန်လာသည့် စစ်ဘေးရှောင် CDM ကျောင်းဆရာ ကိုသက်ဦး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး

ရန်ကုန်၊ မေ ၂၁ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် နေအိမ်ခဏပြန်လာသည့် စစ်ဘေးရှောင် CDM ကျောင်း ဆရာ ကိုသက်ဦးမှာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးကြောင်း သေဆုံးသူ ကျောင်း ဆရာ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်း...

စစ်တပ်ကို ဝေဖန်မှု ၊ စစ်အရာရှိ၏ ကားကို မှန်ချခိုင်းမှုတို့ဖြင့် မိတ္တီလာ ပျူစောထီး ခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က အမှုဖွင့် ဖမ်းဆီး

ရန်ကုန်၊ မေ ၂၁ မန္တလေးတိုင်း၊ မိတ္တီလာတွင် စစ်မှုထမ်းကြေးကောက်ခံမှုအပေါ် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်မှု၊ စစ်အရာရှိ လိုက်ပါသည့် ကားကို မှန်ချခိုင်းမှုတို့ဖြင့် မိတ္တီလာ ပျူစောထီး ခေါင်းဆောင် ဇော်ယုထွန်းကို စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးထားကြောင်း မိတ္တီလာဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်ထောက်ခံသူလည်းဖြစ်၊ အစွန်းရောက် မဘသအဖွဲ့ဝင်လည်းဖြစ်၊ စစ်မှု...

သံတောင်ကြီးရှိ စစ်တပ်(ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဗိုလ်မှူးတချို့ အပါအဝင် စစ်သား ၇ ဦးသေဆုံးဟုဆို

ရန်ကုန်၊ မေ ၂၁ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၃ ဦးအပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ...

ဖားကန့်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ ချီတက်လာသော စစ်တပ် စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက် ခိုက်လျက်ရှိရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယနေ့မေလ ၂၁ ရက်နေ့ ဖားကန့်မြို့သို့ စစ်ကြောင်း ၂...

ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ မေ ၂၁ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၁၉ ရက်နေ့ ည ၉ နာရီခန့်အချိန် ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းတွင်...

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မိုးရွာသွန်းပြီး ငလျင်ကြောင့်ပြိုလက်စ အဆောက်အအုံ ထပ်မံပြိုကျသဖြင့် ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းရ

ရန်ကုန်၊ မေ ၂၁ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မိုးရွာသွန်းပြီး ငလျင်ကြောင့် ပြိုလက်စ အဆောက်အအုံ တစ်လုံး ထပ်မံပြိုကျမှုဖြစ်သဖြင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်မှ ပြည်သူလူများကို ဘေးလွတ်ရာ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ...

ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသူများကြောင့် နိုင်ငံခြားငွေစျေးမြင့်တက်ဟု အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြန်

ရန်ကုန်၊ မေ ၂၁ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများပြားပြီး နိုင်ငံခြားငွေစျေး မြင့်တက်နေရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး၏ ဒုတိယနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅...

မြိုင်မြို့နယ်၊ ဗဟင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု PDF ရဲဘော် ၄ ဦးနှင့် ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် PDF ရဲဘော် ၄ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၀ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Zo Army က ထုတ်ပြန်ထားသည်။ မေလ ၁၈ ရက်နေ့တွင် တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားပြီး...

ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းတွင် စစ်ကားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၅ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းတွင် စစ်ကားများကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းက ပြောဆိုသည်။ မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၀...

Latest news

- Advertisement -spot_img