25 C
Yangon
- Advertisement -spot_img

TAG

khit thit news

ကျွန်းလှ သဖန်းဆိပ်ဆည်အနီးရှိ ရွှေဖောင်လုပ်ကိုင်သော နေရာများ အပါအဝင် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ်ဗုံးကျဲ တိုက်ခိုက်၊ မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးရှိ ရွှေဖောင်လုပ်ကိုင်သော နေရာများ အပါအဝင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်ကျော်စွာနှင့်အဖွဲ့က စစ်လေယာဉ်များဖြင့် ကုန်ပစ္စည်းနှင့်ခရီးသည်များတင် ကိုယ်ကျိုးရှာ စီးပွားရှာနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်ကျော်စွာနှင့်အဖွဲ့က စစ်လေယာဉ်များဖြင့် ကုန်ပစ္စည်းနှင့်ခရီးသည်များတင် ကိုယ်ကျိုးရှာ စီးပွားရှာနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၏ တပ်မှူးတစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စွာနှင့် အဖွဲ့သည် စစ်တပ်ပိုင် လေယာဉ်များပေါ်တွင် စစ်သည်များ၏ ပစ္စည်းများကို အတင်မခံဘဲ...

ရန်ကုန်လေဆိပ်တွင် PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်များသာမက PV အလည်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမည့်သူများပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်များ သာမက PV အလည်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမည့်သူများပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများနှင့်ပြည်ပထွက်ခွာရန် ငြင်းဆိုခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့...

ဖာပွန်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၁၁၁၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၈၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၁၁၁၃ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ G-3 ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင်...

ရေဦးနှင့် မြစ်ခြေမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က...

မြန်မာစစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၃ အကြမ်းဖက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံတွင် တရားဝင်တိုင်ကြားလိုက်ကြောင်း အဆိုပါ အဖွဲ့ သတင်းထုတ်ပြန်သည်။ မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ နစ်နာသူများကို ကိုယ်စားပြုသည့်အဖွဲ့က...

မြစ်ခြေ-ကမ္မ လမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ၊ ကျောက်ထုမြို့ အနီးအနားရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီး၊ Y-12 လေယာဉ်တို့ဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ လမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းထိ...

ရေဦးမြို့ အထွက်ရှိ စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့...

မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့...

ကျောက်ကြီးနှင့်မူးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ပဲခူးတိုင်း၊ လယ်ဒို မြို့နယ် နှင့်မူးမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၁၁ ရက်နေ့...

Latest news

- Advertisement -spot_img