KIO Archives - Khit Thit Media

အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို KIO/KIA အနေဖြင့် လက်မခံသဖြင့် အတုအယောင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို လက်ခံစရာ အကြောင်းမရှိဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို
ရန်ကုန်၊ ဧပြီ ၂၁

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေဖြင့် စစ်တပ်က ပြုလုပ်ခဲ့သော အတုအယောင် ရွေး ကောက်ပွဲကို လက်မခံထားသဖြင့် အဆိုပါ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အရာမှန်သမျှကိုလည်း လက်ခံစရာ အကြောင်းမရှိကြောင်း KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသားအဖွဲ့များနှင့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ယမန်နေ့ ထုတ်ပြောမှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်ခံထားခြင်းမရှိလို့ ရွေး ကောက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အရာမှန်သမျှကိုလည်း လက်ခံစရာအကြောင်းမရှိပါဘူး။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနဲ့ပတ်သက်လို့ကတော့ ဗဟိုကော်မတီက ဘာမှ ပြောထားတာ မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးအတွက် မဖြစ်နိုင်သည့်အရာများကို လျှောက်တောင်းဆိုပြီး မိမိအဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက်လုပ်နေလျှင် မှားမည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

အဆိုပါ ပြောဆိုချက်အပေါ် ဗိုလ်မှူးကြီး နော်ဘူက” ကျနော်တို့က ဘာမှ မဖြစ်နိုင်တာ တောင်းတာမဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့ပဲ ဆွေးနွေးခြင်းဖြစ်ပါတယ်။ တောင်းဆိုတာလည်းမဟုတ်ဘူး။ ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ညှိနှိုင်းဆွေးနွေးခြင်းသာဖြစ်ပါတယ်။ သူတို့ကသာ သူတို့ အာဏာတည်မြဲရေးအတွက် လုပ်နေတာဖြစ်တယ်” ဟု ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့များ၊ အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်မရှိသော အဖွဲ့များအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း လက်တွေ့တွင် ယမန်နေ့အထိ တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားနယ်မြေများပါမကျန်အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက် ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးတပ် သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။

The post အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို KIO/KIA အနေဖြင့် လက်မခံသဖြင့် အတုအယောင်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို လက်ခံစရာ အကြောင်းမရှိဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို appeared first on Khit Thit Media.

KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်မှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို
ရန်ကုန်၊ ဧပြီ ၇

ကချင်လွတ်မြောက်ရေးအဖွဲ့ -KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်ပြီး ယင်းဒေသရှိ KIA တပ်များကို သွားရောက်စစ်ဆေးမှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဧပြီလဆန်းပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဖွဲ့သည် ရှမ်းမြောက်ဒေသရှိ KIA တပ်ရင်းများသို့ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရှိထားကြောင်း၊ TNLA နှင့် MNDAA မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံသည်ဆိုသော သတင်းများကို အွန်လိုင်းတွင်တွေ့ရှိရသော် လည်း ၎င်းအနေဖြင့် ယင်းသတင်းများကို မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

“ရှမ်းမြောက်ပေါ့။ ကျနော်တို့ အခေါ်တော့ တောင်ပိုင်းဘက်မှာရှိတဲ့ တပ်တွေကို သွားရောက်စစ်ဆေးတယ်လို့ သိပါတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်လောက်ကပေါ့။ TNLA နဲ့ MNDAA မဟာမိတ်တွေနဲ့ တွေ့တယ်ဆိုတာ ကျနော်တို့လည်း အွန်လိုင်းပေါ်မှာပဲ တွေ့တယ်။ ဒါပေမယ့် အဲဒါကိုတော့ ကျနော်မသိပါဘူး။ ကျနော်သိတာကတော့ တောင်းပိုင်းက တပ်တွေကို သွားစစ်တယ်လို့ပဲ သိပါတယ်” ဟု ဗိုလ်မှူး​ကြီးနော်ဘူက ရှင်းပြသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တချို့ကမူ ကေအိုင်အို (KIO) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် (Sumlut Gun Maw) နှင့် စစ်ဘက်ရေးရာ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး လဖိုင်ဇော်ဇော် (Lahpai Zau Zaw) တို့ ဦးဆောင်သောအဖွဲ့က ၂၀၂၆ ခုနှစ်၊ ဧပြီလဆန်းပိုင်း ရှမ်းမြောက်ဒေသသို့ သွားရောက်ကာ ခရီးစဉ်အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသော ရှမ်း (SSPP/TNLA)၊ ပလောင် (TNLA) နှင့် ကိုးကန့် (MNDAA) အဖွဲ့တို့နှင့် တွေ့ဆုံကာ ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

The post KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်မှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို appeared first on Khit Thit Media.

KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ -SCEF ကို ဖွဲ့စည်း
ရန်ကုန်၊ မတ် ၃၀

KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union – SCEF” ကို ဖွဲ့စည်းလိုက်ကြောင်း NUG အစိုးရက ယနေ့ မတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ယနေ့ မတ်လ ၃၀ ရက်နေ့တွင် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင် စီ၊ Steering Council for the Emergence of a Federal Democratic Union – SCEF” ကို ကနဦး ဖွဲ့စည်းခြင်း နှင့် ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို အခမ်းအနားကို အစီအစဉ် ၉ ရပ်နှင့် ကျင်းပ ပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားကြေညာခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒို စောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင် များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံ တော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်း အမျိုး သားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့က မိန့်ခွန်းများ အသီးသီးပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရ သည်။

The post KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ -SCEF ကို ဖွဲ့စည်း appeared first on Khit Thit Media.

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အပါအဝင် နေရာအနှံ့အပြားတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများနှင့် စစ်ရေးလှုပ်ရှားလာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားဟု KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြော
ဗန်းမော်တွင် စစ်တပ်ခြေကုပ်စခန်းများကို KIA က သိမ်းပိုက်ရရှိပြီး သံချပ်ကာကား ၁ စီးကို ပစ်ခတ်ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အပါအဝင် နေရာအနှံ့အပြားတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများနှင့် စစ်ရေးလှုပ်ရှားလာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာကြောငး ကချင်လွတ်လပ်ရေးအဖွဲ့- KIO/KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာကြောင်း၊ ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့အတွင်း စစ်တပ်က စစ်ရေးလှုပ်ရှားလာကြောင်း၊ အင်းတော်ကြီးတွင်လည်း ရှမ်းနီSNA နှင့် စစ်တပ်တို့က စစ်ဆင်ရေးများ လုပ်ဆောင်လာကြောင်း၊ အခြားဒေသများတွင်လည်း စစ်တပ်က စစ်ဆင်ရေးများလုပ်ဆောင်လာပြီး KIO/KIA အနေဖြင့် ခုခံစစ်ဖြင့်သာ စစ်တပ်၏ ထိုးစစ်ဆင်မှု တန်ပြန်တိုက်ခိုက်နေကြောင်း ရှင်းပြသည်။

“ကျနော်တို့ KIO/KIA အနေနဲ့ တိုက်ပွဲဖော်ဆောင်တာ မရှိဘူး။ စစ်ကော်မရှင်ဘက်က စစ်ရေး လှုပ် ရှားမှုတွေ များလာတာကြောင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာတာ။ တိုက်ပွဲတွေများလာတာ။ ဖားကန့်မှာလည်း သူတို့က ဖားကန့်တစ်ခုလုံးကို ပြန်ပြီး ထိန်းချုပ်ချင်တဲ့သဘောမျိုး စစ်ဆင်ရေးတွေ လုပ်လာတယ်။ ရှမ်းတောင်ဘက်ကိုလည်း သူတို့ ဝင်ဖို့ကြိုးစားတာတွေ့ရတယ်။ SNA နဲ့ စစ်ကော်မရှင်တပ်တွေ့ အင်းတော်ကြီးဘက်မှာလည်းစစ်ဆင်ရေးတွေနဲ့ စစ်ရေးလှုပ်ရှားလာတယ်။ ဗန်းမော်ဘက်မှာတော့ နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးလာနေပြီး လက်နက်ကြီးများလည်း တောက်လျှောက် ပစ်ခတ်နေကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရသည်။

“ဖားကန့်မှာ မနေ့ညနေ ကတည်းက တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီမရှီကတောင်ရွာ ဘက်ကနေမှ စစ်ကြောင်းထိုးလာတာပါ။ အဓိက က ယူမာနဲ့ ဆိုင်းတောင် ဘက်ခြမ်းရယ် KIA နဲ့ KPDF နေရာယူထားတဲ့ ထုံးဘို တကြောနဲ့ အဲဗားတောင် တစ်ကြောကို စစ်ကြောင်းထိုးချင်တာပါ။ အဲဒီတောင်တွေကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတယ်။ ဒီနေ့လည်း ဖားကန့်တစ်မြို့လုံး လက်နက်ကြီးသံ သေနတ်သံ ဆူညံနေတာပဲ။ လက်နက်ကြီးက အခုချိန်ထိဆို အလုံး ၇၀ ကျော် ၈၀ လောက်ရှိတယ်။ ဖားကန့် တပ်မကုန်းရယ် ရခိုင်ကုန်း ဘက်ကနေထုနေတာပါ။ ဒီမှာတော့ တောက် လျှောက် တိုက်ပွဲတွေဖြစ်နေလို့ သေနတ်သံတွေ တောက်လျှောက်ကြားနေရတယ်။ ဖားကန့်နဲ့ ဆိုင်းတောင် သွားတဲ့လမ်းကိုလည်း လောလောဆယ် ပိတ်ထားတယ်။ ဘယ်သူမှ ဖြတ်သွားဖြတ်မရှိကြတော့ဘူး။ လမ်းမကြီးလည်း ပိတ်ထားတယ်။ အဓိက က KIA နဲ့ KPDF သိမ်းပိုက်ထားတဲ့ ဆိုင်းတောင်ရွာကို စစ်ကောင်စီက ပြန်သိမ်းချင်လို့ တောက်လျှောက်ပြန်ထိုး စစ်ဆင်နေတာပါ။ လက်နက်ကြီးသံ ဆူညံနေလို့ ဖားကန့်က ပြည်သူတွေလည်း အပြင်မထွက်ကြဘူး အိမ်ထဲမှာပဲ နေကြတယ်။ တိုက်ပွဲတွေတောက်လျှောက် ဖြစ်နေတယ်”ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် ဇန်နဝါရီလ ၂၉ ရက်နေ့ ကချင်ပြည်နယ်ဗန်းမော်မြို့အတွင်း ခလရ ၄၇ တပ်စခန်း၏ ကာကင်းခြေကုပ်စခန်းတချို့ကို KIA တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်၏ သံချပ်ကာ ကား ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“စခန်းအကြီးကြီးတွေ သိမ်းတာတော့ မရှိပါဘူး။ သူတို့ ခြေကုပ်စခန်းတွေကိုတော့ ကျနော်တို့ သိမ်းတာရှိတယ်။ ဗန်းမော်မှာ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ။ သူတို့ဘက်ကလည်း လေကြောင်းနဲ့ တိုက် ခိုက်တာတွေ နေ့တိုင်းရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူကရှင်းပြသည်။

လက်ရှိတွင် KIA တပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြန်လည် စတင်နေပြီး တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေကြောင်း ၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း စတင်ခဲ့သော ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယခုအခါ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း သိရှိရသည်။

The post ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အပါအဝင် နေရာအနှံ့အပြားတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများနှင့် စစ်ရေးလှုပ်ရှားလာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားဟု KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြော appeared first on Khit Thit Media.

KIO/KIA နှင့် အကြမ်းဖက်စစ်တပ်အကြား အပစ်ရပ်ရေး ဆွေးနွေးရန်ရှိနေသည်ဆိုသော သတင်းများကို ဗိုလ်မှူးကြီးနော်ဘူ ငြင်းဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်တွင် မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိသော KIO/KIA နှင့် အကြမ်းဖက်စစ်တပ်အကြား အပစ်ရပ်ရေး ဆွေးနွေးရန်ရှိနေသည်ဆိုသော သတင်းများကို KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်သည်။

ယမန်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို သီးသန့် ဆက်သွယ်မေးမြန်းစဉ် ဗိုလ်မှူးကြီးနော်ဘူက ယင်းကဲသို့ ဖြေဆိုခြင်းဖြစ်သည်။

အကြမ်းဖက် စစ်တပ်လော်ဘီများနှင့် စစ်တပ်အသိုင်းအ၀ိုင်းက အောက်တို ဘာလ လနှောင်းပိုင်းမှစတင်၍ KIO/KIA နှင့် အကြမ်းဖက်စစ်တပ်တို့အကြား အပစ်ရပ်ရေး တရုတ်နိုင်ငံ၏ ကမကထပြုမှုဖြင့် တွေ့ဆုံဆွေးနွေးရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ နေရာကို ရွေးချယ်နေပြီဖြစ်ကြောင်း အစရှိသော သတင်းများကို တယ်လီဂရမ်ချန်နယ်များ၊ လူမှုကွန်ရက်များမှတစ် ဆင့် အလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း အကြီးအကျယ် ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာ ၎င်းက “ကျနော်အနေနဲ့ အထွေအထူးပြောစရာမရှိပါဘူး။ ကျနော်တို့ ဗဟိုကော်မတီကလည်း ဆွေးနွေးပွဲ ဆိုတာနဲ့ပတ်သက်လို့ ညွှန်ကြားတာလည်းမရှိပါဘူး။ တွေ့ဆုံ ဆွေးနွေးဖို့ လုပ်နေတယ် လို့ ကျနော်ကြားလည်း မကြားပါဘူး” ဟု ပြန်လည်ဖြေဆိုသည်။

လက်ရှိတွင် KIA နှင့် စစ်တပ်အကြား ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ် အပါ အဝင် ကချင်ပြည်နယ်အတွင်း မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အထူးသဖြင့် ဗန်းမော်တိုက်ပွဲမှာလည်း နေ့စဉ် ဖြစ်ပွားလျက်ရှိနေဆဲဖြစ် ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

The post KIO/KIA နှင့် အကြမ်းဖက်စစ်တပ်အကြား အပစ်ရပ်ရေး ဆွေးနွေးရန်ရှိနေသည်ဆိုသော သတင်းများကို ဗိုလ်မှူးကြီးနော်ဘူ ငြင်းဆို appeared first on Khit Thit Media.

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်ဗျူဟာဖြင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း တိုက်ခိုက်စေရန် သွေးထိုးလှုံ့ဆော်နေဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြော
ရန်ကုန်၊ အောက်တိုဘ ၁၂

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်ဗျူဟာဖြင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း တိုက်ခိုက်စေရန် သွေးထိုးလှုံ့ဆော်နေဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကော်မရှင်က တိုင်းရင်းသားဒေသများတွင် တိုက်ခိုက်ရန်နှင့် နယ်မြေ စိုးမိုးမှုများရရှိစေရန် အဓိက ပြည်သူ့စစ်ဗျူဟာကို ပိုမို အသုံးချလာပြီး ယင်းဗျူဟာဖြင့် ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်ရေး သွေးထိုးလျက်ရှိကြောင်း၊ ဝါရာဇွပ် ပြည်သူ့စစ် ခေါင်းဆောင် မင်းဇေသန့်နှင့်အဖွဲ့မှာလည်း စစ်တပ်၏ ပြည်သူ့စစ်ဗျူဟာအောက်တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး KIAနှင့် PDF များကို တိုက်ခိုက်မည် သင်တန်းဆင်းပွဲတွင် ပြောဆိုမှုများကိုလည်း သိရှိထားကြောင်း ၎င်းက ပြောဆိုသည်။

“ကျနော့်အမြင်ကတော စစ်ကော်မရှင်ကနေ ပြည်သူ့စစ်မဟာဗျူဟာသုံးပြီးတော့ တိုင်းရင်းအချင်းချင်း တိုက်ခိုက်ဖို့ သူတို့ လုပ်တာပေါ့။ KIA ကို ရှေ့တန်းတိုက်ပွဲတိုင်းမှာ သူတို့ တိုက်ဖို့ မဖြစ်နိုင်တော့ ပြည်သူ့စစ်တွေကို အသုံးချတိုက်ခိုက်ခိုင်းတာ”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

အောက်တိုဘာ ၁ရက်နေ့ ပြုလုပ်ခဲ့သည့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ စစ်သင်တန်းဆင်းပွဲတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ် ခေါင်းဆောင် မင်းဇေသန့်က စစ်တပ်နှင့် တွဲဖက်၍ KIA နှင့် PDF များကို တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းအပြင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လမ်းဖူးမြို့နှင့် ဆော့လော်မြို့နယ်တို့တွင် အောက်တိုဘာလ ၄ ရက်နေ့ KIA နှင့် PDF ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲမှာ စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ဦးစီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

“ပြည်သူလူထုကို စစ်ကော်မရှင်က သွေးထိုးတာဖြစ်တယ်။ တချို့တွေကို နေ့စားခပေးပြီး ခေါ်တယ်လို့ သိရတယ်။ သွေးခွဲပြီးမှ လုပ်တာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောဆိုသည်။

လတ်တလော ကချင်ပြည်နယ်တွင် KIA က မြို့သိမ်းတိုက်ပွဲများနှင့် စစ်ကော်မရှင်၏ တပ်စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်များကိုလည်း KIA က စစ်ရေးအကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

The post အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်ဗျူဟာဖြင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း တိုက်ခိုက်စေရန် သွေးထိုးလှုံ့ဆော်နေဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြော appeared first on Khit Thit Media.

KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲပြီး စစ်အာဏာရှင် အမြစ်ပြတ်သည် အထိ တိုက်ခိုက်သွားမည်ဟု NUG ပြောဆို
ရန်ကုန်၊ ဩဂုတ် ၁၀

KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲကာ စစ်အာဏာရှင် အမြစ်ပြတ်သည် အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဟု NUG အစိုးရက ပြောဆိုလိုက် သည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သော ၅၀ နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ NUG အစိုးရက ပေးပို့သော ဂါရဝပြုသဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်တစ်ဝှမ်း ရှိ ပြည် သူလူထု၏ ရည်မှန်းချက်ပန်းတိုင်များဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်သည်ထိ တွန်းလှန်ရေး၊ အမျိုးသားတန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုစနစ်ကို တည်ဆောက်ရေးတို့အတွက် မဟာမိတ် ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကချင် တော်လှန်ရေး တပ်ဖွဲ့များနှင့် ချစ်ကြည်ရင်းနှီးစွာ အတူတကွ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်၍ ဘုံရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက ခိုင်မာစွာယုံကြည်ပါကြောင်း NUG အစိုးရက ပြောဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကို ကြိုးပမ်းခဲ့စဉ်ကတည်းက ယခုလက်ရှိ နွေဦးတော်လှန်ရေး ကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ဖြစ်အောင် ကြိုးပမ်းမှုအထိ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ကချင်တိုင်းရင်းသားခေါင်းဆောင် အာဇာနည်များ၊ ကချင်တိုင်း ရင်းသားပြည်သူလူထုနှင့်တကွ ကချင်တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်ပါကြောင်း ဆက်လက် ပြောဆိုထားသည်။

အာဏာရှင်စနစ်ကိုဖယ်ရှားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူ ထောင် ရေး တို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကို စတင် တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC – Lahtaw Zau Seng) ၊ ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကေအိုင်အို နိုင်ငံခြားဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်းရှိ (ထိုစဉ်က) ကေအိုင် အေ စစ်တပ်စခန်းသို့ အလာတွင် တပ်စခန်းသို့မရောက်မီ လမ်းတစ်ဝက်တွင် အာဏာရှင်တို့ ၏လက်ပါးစေ မသမာသူလူတစ်စုက လုပ်ကြံခံရကြောင့် သိရသည်။

အဆိုပါဖြစ်ရပ်သည် ကချင်လူထုတစ်ရပ်လုံးအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုဖြစ်သလို ယနေ့ အထိ အမှတ်တရ ရှိခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ်အဖြစ် သြဂုတ်လ (၁၀) ရက်နေ့ကို ကချင် အာဇာနည် နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့ရာ ယခု နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ပြီး ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ခဲ့သော်လည်း ကချင်တော်လှန်ရေး တပ် ဦး ဖြစ်သည့် KIO/KIA ကို စုစည်းညီညာစွာဖြင့် ဆယ်စုနှစ်များစွာတိုင်တိုင် ကချင်တော်လှန်ရေး ပန်း တိုင်ကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့သော ကချင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုနှင့် ခေါင်း ဆောင်ကောင်းများ၏ အမြော်အမြင်ရှိမှုတို့ကို လေးစားဖွယ် မြင်တွေ့ရကြောင်း NUG အစိုးရ၏ သဝဏ်လွှာ၌ ဖော်ပြာထားသည်။

The post KIO ၊ KIA ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ်လက်တွဲပြီး စစ်အာဏာရှင် အမြစ်ပြတ်သည် အထိ တိုက်ခိုက်သွားမည်ဟု NUG ပြောဆို appeared first on Khit Thit Media.

ကချင်မှ မြေရှားသတ္တုကို အမေရိကန်က စိတ်ဝင်စားဆိုသော သတင်းများ သိရှိရသော်လည်း ဆက်သွယ်မှု တစ်စုံတစ်ရာမရှိဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြောဆို၊ ပန်ဝါတွင် မြေရှားသတ္တု လုပ်ကွက်အဟောင်းများကို ဆက်တူးခွင့်ပြု
ရန်ကုန်၊ ဇူလိုင် ၃၀

ကချင်ပြည်နယ်မှ မြေရှားသတ္တုကို အမေရိကန်က စိတ်ဝင်စားနေသည်ဆိုသော သတင်းများ သိရှိရသော်လည်း ဆက်သွယ်မှု တစ်စုံတစ်ရာမရှိသေးကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိနေသော မြေရှားသတ္တုရရှိရေး အမေရိကန်အစိုးရအနေဖြင့် KIA နှင့် တိုက်ရိုက် အလုပ်လုပ်ရန် အပါအဝင် အဆိုပြု တင်ပြချက်များကို အမေရိကန်အစိုးရက ကြားနာခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့ရာ ယင်းသတင်းများနှင့်ပတ်သက်၍ KIO ဘက်က သိရှိထားခြင်း ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်မှူးကြီးနော်ဘူက တစ်စုံတစ်ရာ ဆက်သွယ်မှု မရှိကြောင်း တုံ့ပြန် ဖြေဆိုသည်။

“ကျနော်တို့ သတင်းတွေတော့ တွေ့တယ်။ ဒါပေမယ့် KIO ကို ဆက်သွယ်တာမရှိပါဘူး။ ဗဟိုကော်မတီကလည်း ဘာမှ မကြားမိဘူး။ ဘယ်သူမှ ဆက်သွယ်တာမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိ မြေရှားသတ္တုတူးဖော်ရေးများအနေဖြင့် ပန်ဝါဘက်တွင် ယခင်က တူးဖော်နေသော တရုတ်ကုမ္ပဏီများကို ဆက်လက် တူးဖော်ခွင့်ပြုထားပြီး မြေရှားသတ္တုတူးဖော်မှု အသစ်များကိုများကို ခွင့်ပြုထားခြင်းမရှိကြောင်း၊ မြေရှားသတ္တုအတွက်လည်း တရုတ်နှင့် ဆွေးနွေးမှု တစ်စုံတစ်ရာမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“တရုတ်နဲ့လည်း မြေရှားသတ္တုကိစ္စ ဘာမှ ဆွေးနွေးတာမရှိပါဘူး။ အစည်းအဝေးလည်းမရှိဘူး။ အခုလောလောဆယ် ပန်ဝါဘက်မှာ ကုမ္ပဏီတွေကို ခွင့်ပြုထားတာတွေ ဆက်တူးနေတယ်။ အသစ်တော့ မရှိဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

The post ကချင်မှ မြေရှားသတ္တုကို အမေရိကန်က စိတ်ဝင်စားဆိုသော သတင်းများ သိရှိရသော်လည်း ဆက်သွယ်မှု တစ်စုံတစ်ရာမရှိဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြောဆို၊ ပန်ဝါတွင် မြေရှားသတ္တု လုပ်ကွက်အဟောင်းများကို ဆက်တူးခွင့်ပြု appeared first on Khit Thit Media.

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး
KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးလမိုင်းယန်ကျေးရွာကို စစ်ကောင်စီက ယနေ့ နံက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၁ မိနစ်နှင့် နံနက် ၁ နာရီ ၁၄ မိနစ်အချိန်တို့တွင် တံတားဦးလေတပ်မှ MiG-29 တိုက်လေယာဉ်ဖြင့် KIO ဌာနချုပ် လိုင်ဇာမြို့အနီးသို့ ဗုံးများကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။

“ဒီမနက်လိုင်ဇာအနားမှာရှိတဲ့ လမိုင်းယန် ရွာကို ဗုံး၂ လုံးကျဲချတာ။ လင်မယား ၂ ဦးသေဆုံးသွားပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာကိုဗုံးကျဲသွားတာ” ဟု KIA သတင်းရင်းမြစ်က ပြောကြားသည်။

တရုတ်နိုင်ငံဘက်က စစ်ကောင်စီ၏ လေယာဉ်ကို မီးကျည်ဖြင့် အချက် ၂၀ ပစ်ဖောက်သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေယာဉ်က တရုတ်နိုင်ငံဘက်သို့ အလွန်နီးကပ်စွာ ပျံသန်းသဖြင့် မီးကျည်ပစ်ဖောက် သတိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်ဘက်က မီးကျည် အချက် ၂၀ လောက်ဖောက်တယ်။ စစ်လေယာဉ်က တရုတ်ဘက်အခြမ်းကို အရမ်းကို ကပ်ပြီး ပျံသန်းနေလို့ မီးကျည်တွေပစ်တာ” ဟု လိုင်ဇာမြို့မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ကချင်ပြည်နယ်တွင် KIA က ဇူလိုင်လလယ်မှစတင်၍ စစ်ဆင်ရေးများ စတင်ကာ ကချင်ပြည်နယ်တစ်ဝန်းလုံးရှိ စစ်ကောင်စီတပ်စခန်းများနှင့်မြို့များကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ ပန်ဝါမြို့တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အကြမ်းဖက်စစ်ကောင်စီ၏ MiG-29 တိုက်လေယာဉ် ၁ စီး။

The post KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး appeared first on Khit Thit Media.

ကချင်ပြည်နယ် KIO ဌာနချုပ်မှ လိုင်ဇာဝင်ပေါက်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရေး ကြိုးစားရဦးမည်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောဆို
ကချင်ပြည်နယ် KIO ဌာနချုပ်မှ လိုင်ဇာဝင်ပေါက်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရေး ကြိုးစားရဦးမည်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောဆို

ရန်ကုန်၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ KIO ဌာနချုပ်တွင် လိုင်ဇာ ဝင်ပေါက်များကို ယနေ့ နံနက်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုလိုက်သည်။

၁၀နှစ်ကျော်ကြာမှ လိုင်ဇာဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ဒေသနေသူများ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှု ရသကို ပြန်လည်ရရှိခဲ့ကြောင်း၊ အောင်ပွဲခံခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရန် ဆက်လက် ကြိုးစားကြရဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်များ၏ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်း ၇၀ ကျော် သိမ်းဆည်းရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုကြသည်။

The post ကချင်ပြည်နယ် KIO ဌာနချုပ်မှ လိုင်ဇာဝင်ပေါက်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ရေး ကြိုးစားရဦးမည်ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောဆို appeared first on Khit Thit Media.