30 C
Yangon
- Advertisement -spot_img

TAG

Myanmar Media

ဘီလင်း၊ မင်းတပ်နှင့် ကောလင်းမြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး စေတီတစ်ဆူ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၈ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စေတီတစ်ဆူ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၆ လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီ...

ရှမ်းမြောက်တွင် TNLA က သိမ်းယူထားသော မြို့တချို့တွင် ဒေသန္တရ အုပ်ချုပ် ရေးများ စတင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားသော မြို့တချို့ျွှွင် ဒေသန္တရ အုပ်ချုပ်ရေးများ စတင်နေကြောင်း TNAL က တရား ဝင် သတင်းထုတ်ပြန်ထားသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တွဲဖက် အတွင်း ရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့်...

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ခမရ ၅၆၁ တပ်နှင့် တံတားစစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ ၅၆၁ တပ်နှင့် ညောင် ပင်ကွင်းရွာတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက် ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ထံမှ သိရှိရသည်။ ဇန်နဝါရီလ...

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ယင်းမာပင်မြို့နယ် မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ #နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution...

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကန်စောက်တောင်ခြေရင်းမှာ အခိုင်အမာတပ်စွဲအခြေချထားတဲ့ စစ်ကောင်စီတပ်ရင်းတစ်ခုလုံးဟာ ဇန်နဝါရီ ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော် AAဆီမှာ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ - ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်...

ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် KIA က ပစ်ချလိုက်သည့် တိုက်လေယာဉ်မှာ တရုတ် ထုတ် FTC 2000G အမျိုးအစားဖြစ်ပြီး စစ်လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးတို့ သေဆုံး

■ တရုတ် လုပ် FTC 2000 G အပေါ့စားတိုက်လေယာဉ် တစ်စီးလျှင် အမေရိ ကန် ဒေါ်လာ ၈ သန်းခွဲဝန်းကျင်တန်ဖိုးရှိ ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက် လေယာဉ်စီးကို...

ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်အုပ်စုထံ လေယာဉ်ဆီထောက်ပံ့ပေးနေမှု ရပ်တန့်ပေးရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရန်ကုန်မြို့ လူစည်ကားရာ တစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီထံ လေယာဉ်ဆီထောက်ပံ့ပေးနေ မှု ဖြတ်တောက်ပေးရန် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့သပိတ်အင်အားစုမှ တာဝန်ရှိသူ ကိုနွေဦးအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် အစောပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု များစွာကို ကျူးလွန်လျက်ရှိသည့်အပြင်...

မန္တလေး၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ရဲဘော် ခိုင်မင်းသူ မတရားရိုက်နှက် ခံရမှုကြောင့် ထောင်ဆေးရုံတွင် အရေးပေါ် လူနာဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား များကို လူမဆန်စွာ ဖိနှိပ်‌ ရိုက်နှက်မှုများ လုပ်ဆောင်နေပြီး နိုင်ငံရေး အကျဉ်း သား ရဲဘော် ခိုင်မင်းသူသည် မတရားရိုက်နှက် ခံရမှုကြောင့် ထောင်ဆေးရုံတွင် အရေးပေါ် လူနာဖြစ်နေကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့...

ကဝမြို့နယ်တွင် ရဲများလိုက်ပါလာသော ဆိုင်ကယ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် ရဲများလိုက်ပါလာသော ဆိုင်ကယ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ကဝမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင်...

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Special Air Raid Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့...

Latest news

- Advertisement -spot_img