26.4 C
Yangon
- Advertisement -spot_img

TAG

news

ရေဖြူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး၊ တိုက်ပွဲများလည်း နေ့စဉ် ဖြစ်ပွားနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၈ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း PDF စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။ ဇွန်လ ၁၅...

ကမ္မမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၁၃ ရက် ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရှိ ကျေးရွာများသို့ စစ်တပ်က လေယာဉ်ဖြင့် ၁၃ ရက် ဆက်တိုက် ဗုံးကျဲ ခြင်းနှင့် စစ်ကြောင်းထိုးနေခြင်းတို့ကြောင့် ပြည်သူ ၅ ဦးသေဆုံးကာ ၁၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁၄...

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ ဂုဏ်ပြုဆိုင်းဘုတ် ယနေ့ စိုက်ထူ

ရန်ကုန်၊ ဇွန် ၁၈ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆိုင်းဘုတ်ကို ဒေသပြည်သူများက စုပေါင်း၍ စိုက်ထူလိုက်ကြောင်း သိရှိရသည်။ ယနေ့ နံနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ...

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲ

ရန်ကုန်၊ ဇွန် ၁၈ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့် အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံ သားအဖြစ်မှ ရပ်စဲသော အမိန့်စာများကို စစ်တပ်၏ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ယနေ့ ဖြန့်ဝေ သတင်းထုတ် ပြန်သည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်မှစတင်၍ စစ်တပ်၏...

ပေါင်းတည်မြို့နယ်နှင့်မုံရွာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးလာသော အင်အား ၁၀၀ ပါ စစ် တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow...

နောင်ချိုတွင် စစ်တပ်က ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပြည်သူများနေထိုင်သောရပ်ကွက်များသို့ ဦးတည်ပစ်ခတ်မှု နေအိမ်များ ထိမှန် ပျက်စီး

ရန်ကုန်၊ ဇွန် ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့၊ ပြည်သူများနေထိုင်သော ရပ်ကွက်များသို့ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်သဖြင့် နေအိမ်များ ထိမှန်ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။ တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြိုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး...

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာအနီးရှိ ယာယီစစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး ထက် မနည်းသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရား အနီးတပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီ ယာယီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Launglone Peninsula Force -LPF မှ တာဝန် ရှိသူတစ်ဦးက...

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင် အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်း ဗီဒီယို နှင့် လူထုခေါင်းဆောင်၏ ထောင်တွင်း နေ့စဉ် နေထိုင်မှု မှတ်တမ်းများ ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြား

ရန်ကုန်၊ ဇွန် ၁၈ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ တရားခွင် အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်း ဗီဒီယို နှင့် လူထုခေါင်းဆောင်၏ ထောင်တွင်း နေ့စဉ် နေထိုင်မှုမှတ်တမ်းများ ဂါးဒီးယန်းသတင်းဌာနသို့ ပြည်သူ့ရင်ခွင်အဖွဲ့မှတစ်ဆင့် ပေါက်ကြားလာကြောင်း အဆိုပါ သတင်းဌာနက သတင်းဖော်ပြသည်။ မြန်မာ့တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှားရှားပါးပါး ဗီဒီယိုဖိုင်နှင့် သူမ၏...

NUG က တနင်္သာရီတိုင်းတွင် ခန့်ထားရန်အတွက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး ၊ သားဖွားဆရာမ အပါ အဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

ရန်ကုန်၊ ဇွန် ၁၈ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက တနင်္သာရီတိုင်းတွင် ခန့်ထားရန်အတွက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး ၊ သားဖွားဆရာမ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာသည်။ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက အထူး ကုဆရာဝန်များ၊ ဆရာဝန်များ...

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားပညာသင်စေလွှတ်မှု တင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့ မလွှတ်ရန် ညွှန်ကြား

ရန်ကုန်၊ ဇွန် ၁၈ အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်မှုများအား တင်းကျပ်ကန့်သတ်ရန် အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့သွားရောက်မှုများ စိစစ်ရန် ညွှန်ကြားလာကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းနှင့် စစ်ကောင်စီ၏ ထုတ်ပြန်လာသော အမိန့်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် မတ်လ ၂၆...

Latest news

- Advertisement -spot_img