28.2 C
Yangon
- Advertisement -spot_img

TAG

news

NUG က တနင်္သာရီတိုင်းတွင် ခန့်ထားရန်အတွက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး ၊ သားဖွားဆရာမ အပါ အဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

ရန်ကုန်၊ ဇွန် ၁၈ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက တနင်္သာရီတိုင်းတွင် ခန့်ထားရန်အတွက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး ၊ သားဖွားဆရာမ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာသည်။ တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက အထူး ကုဆရာဝန်များ၊ ဆရာဝန်များ...

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားပညာသင်စေလွှတ်မှု တင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့ မလွှတ်ရန် ညွှန်ကြား

ရန်ကုန်၊ ဇွန် ၁၈ အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်မှုများအား တင်းကျပ်ကန့်သတ်ရန် အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့သွားရောက်မှုများ စိစစ်ရန် ညွှန်ကြားလာကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းနှင့် စစ်ကောင်စီ၏ ထုတ်ပြန်လာသော အမိန့်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် မတ်လ ၂၆...

ချင်းပြည်နယ်တွင် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဝန်ကြီး နေလင်းအောင်၊ စစ်ဗျူဟာမှူး စိုးဝင်းထွန်းတို့ က ပြည်နယ်အစိုးရ တင်ဒါများ ချပေးရန် ကုမ္ပဏီများထံမှ သိန်းထောင်ချီလာဘ်ငွေတောင်း

ရန်ကုန်၊ ဇွန် ၁၈ ချင်းပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ တင်ဒါလုပ်ငန်းအများစုကို ရယူလိုပါက ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီး စစ်အရာရှိဟောင်း နေလင်းအောင်၊ စစ်တပ်ဗျူဟာမှူး စိုးဝင်းထွန်းတို့ က ငွေကျပ် သိန်းထောင်ချီလာဘ်ငွေ တောင်းခံနေကြောင်း ချင်းပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်...

ရေနံချောင်းတွင် စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၆ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁၁ ရက်နေ့ ရေနံချောင်းမြို့မှ ထွက်လာသော ခလရ ၈၈ ၊...

ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး ကြွေးကြော်သံများဖြင့် လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ ဇွန် ၁၆ ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒေသပြည်သူလူထု နှင့်အတူ ''ဒေါ်အောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ'' စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကျရှုံးရေး ကြွေးကြော်သံများဖြင့် လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်း ချီတက်ခဲ့သည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage...

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လက်အောက်ရှိ ရဲဘော်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရ ဆုတောင်း

ရန်ကုန်၊ ဇွန် ၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ စစ်ရေးဌာနကြီးလက်အောက်ရှိ တပ်ရင်း/ဌာနများမှ ရဲဘော်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရအဖြစ် ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage...

ကလေးမြို့ရှိ ကျေးရွာတစ်ရွာတွင် ပန်းသပိတ်၌ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလှုံ့ဆော်

ရန်ကုန်၊ ဇွန် ၁၅ ကလေးမြို့ ကျေးရွာတစ်ရွာတွင် က‌လေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်၍ ဇွန်လ ၁၉ ရက်နေ့ပန်းသပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞ စာသားကိုင်စွဲကာ တိုက်တွန်းသည့်လှုံ‌ဆော်ခဲ့ကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews...

မြိုင်မြို့နယ်၊ ဇီးတောရွာရှိ စစ်ဘေးရှောင် ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံးပြီး စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းလုံး၀ပျက်စီး

ရန်ကုန်၊ ဇွန် ၁၆ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ...

ကျိုက်ထိုရှိ ဇီးကုန်းနှင့် အလူးကြီးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဇီးကုန်းနှင့် အလူးကြီးရွာထဲသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၁၀ လုံးပစ်ခတ်ခဲ့၍ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်...

ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများကို စက်တပ်လေထီးဖြင့် စစ်တပ်က ဗုံးကျဲမှု နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇွန် ၁၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီးများက ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ...

Latest news

- Advertisement -spot_img