24 C
Yangon
- Advertisement -spot_img

TAG

news

မင်းကွန်းမြို့တွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စစ်သားများကို ပစ်ခတ်မှု ဒုရဲအုပ် သက်နိုင်ဌေး၊ ဒုရဲအုပ်ရဲဝင်းထွန်းနှင့် ရဲဒုတပ်ကြပ် ဇော်မင်းနိုင်တို့ သေ ဆုံး၊ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆ မန္တလေးတိုင်း မင်းကွန်းမြို့ရှိ မင်းကွန်း မယ်တော်ကြီးဘုရားရှေ့တွင် လက် ဖက်ရည်သောက်နေသည့် အကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်သားများကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား...

စစ်တက္ကသိုလ်များတွင် လျှောက်ထားသူ နည်းပါးလွန်းသဖြင့် လျှောက်လွှာတင် သူ မှန်သမျှ အကုန်ခေါ် စနစ်ကျင့်သုံးနေ၊ လူမရ၍ စစ်ကောင်စီက အသက် ကန့်သတ်ချက် ဆက်တိုက် ပြောင်းလဲ

ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်နှင့် နည်းပညာတက္က သိုလ်များတွင် လျှောက်ထားသူနည်းပါးသဖြင့် လျှောက် လွှာတင်သူမှန်သမျှ အကုန်ခေါ်စနစ်ကျင့်သုံးနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုလာမည့် ၂၀၂၅ ခုနှစ် အတွက် စစ်တက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ် လောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်များအတွက် သင်တန်းသားများ...

ရန်ကုန်မြို့တစ်နေရာတွင် “ကျွတ်မနေနဲ့ ကြုံး” လူထုလှုံ့ဆော်မှု ဘန်နာချိတ်ဆွဲပြီး စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်မြို့တစ်နေရာတွင် လုံခြုံရေးတင်းကြပ်သည့်ကြားမှ "ကျွတ်မနေနဲ့ ကြုံး" လူထုလှုံ့ဆော်မှု ကြွေးကြော်၍ ဘန်နာချိတ်ဆွဲပြီး အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ ဖြစ်သည့် Kyimyindaing...

ရေးမြို့နယ် အပလိုင်ရွာနှင့် စုံပတောက်ရွာအကြားတွင် စစ်တပ်၏ လမ်းပြအဖြစ် လုပ်ကိုင်နေသည့် ပျူစောထီး ၁ ဦးကို ရေးဘီလူးအဖွဲ့ က အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်အခြေစိုက်သည့် စစ်ကောင်စီ ခမရ ၅၈၇တပ်ရင်းအတွက် လမ်းပြအဖြစ် လုပ်ကိုင်နေသည့် ပျူစောထီး ၁ ဦးကို ရေးဘီးလူးအဖွဲ့က အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ရေးမြို့နယ် အပလိုင်ရွာနှင့် စုံပတောက်ရွာကြားတွင်...

ကရင်နီပြည်၊ ထူးချောင်းစခန်းကို သိမ်းပိုက်နယ်မြေရှင်းစဉ် မရေတွက်နိုင်သော ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး လက်နက်ခဲယမ်းများပါ ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲကြားရှိ ထူးချောင်းစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် နေ့စဉ်ရက် ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး မခံနိုင်တော့သဖြင့် စခန်းစွန့် ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ရှင်းလင်းစဉ် မရေတွက်နိုင်သော ပုပ်ပွနေသည့် စစ်သားအလောင်းများ အများအပြား တွေ့ရှိရပြီး...

စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ကူညီမှုက မြန်မာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု အဖြစ် ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ကူညီမှုက မြန်မာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုပင်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေးပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ၇၉ ကြိမ်မြောက်...

တောင်ပိုင်းတိုင်း စစ်ဒေသတွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင် စီတပ်ဘက်မှ ၁၄၇ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရရှိကာ PDF ၁၇ ဦး ကျဆုံးခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၆ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာလတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၄၇ ဦးသေ ဆုံးပြီး စစ်သုံ့ပန်း ၈ ဦး ဖမ်းဆီးရရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊တော်လှန် ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေတွင်...

ထားဝယ်မြို့တွင် ၂ ရက်ဆက်တိုက် ဗုံးများပေါက်ကွဲပြီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထား၊ ထားဝယ်မှ ပြည်သူများ စစ်ကောင်စီ၏ ပွဲလမ်း သဘင်များတွင် ပါဝင်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၆ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ၂ ရက်ဆက်တိုက် ဗုံးများပေါက်ကွဲနေပြီး အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကြောင်း ထားဝယ်မြို့ခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့နှင့် အောက်တိုဘာလ ၁၅ ရက်နေ့တို့တွင် ထား ဝယ်မြို့ပေါ်၊ ကမ်းနားလမ်းတွင် ဗုံးများ ပေါက်ကွဲခဲ့ကြောင်း၊ သေဆုံးမှုမရှိသော် လည်း...

တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုဘဲယာယီ ရွှေ့ဆိုင်းလိုခြင်း၊ ရှောင်ရှားလိုပါက လူငယ် ၁ ဦးလျှင်ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံလာကြောင်း တာမွေမြို့နယ် အတွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ တာမွေမြို့နယ်အတွက်...

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားများက မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်ကြောင်း ဝန်ခံကြပြီး စစ်သားများကိုယ် တိုင် ရောင်းဝယ်ဖြန့်ချိနေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

ရန်ကုန်၊ အောက်တိုဘာ ၁၆ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားများက မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်သည်ဟု ဝန်ခံကြပြီး ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချိနေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်သော...

Latest news

- Advertisement -spot_img