26.3 C
Yangon
- Advertisement -spot_img

TAG

news

သန်းခေါင်စာရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် Non-CDM ဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဟု တောင်သာ ပကဖ ထုတ်ပြန်

သန်းခေါင်စာရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် Non-CDM ဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဟု တောင်သာ ပကဖ ထုတ်ပြန် ရန်ကုန်၊ အောက်တိုဘာ ၂ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲအကြောင်းပြကာ ပြည်သူများ၏ ကိုယ်ရေးအချက်အလက် သန်းခေါင်စာရင်းကောက်ယူနေသည်ကို ပူးပေါင်းပါဝင်ပတ်သက်နေကြသော Non-CDM ဝန်ထမ်းများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

နေပြည်တော်၊ ဒက္ခိဏသီရိတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီး၊ သရက်မြို့နှင့်အင်္ဂပူမြို့နယ်တွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေ

ရန်ကုန်၊ အောက်တိုဘာ ၂ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ဝင်း ဦးဆောင်ပြီး လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မျက်မြင်ကြုံတွေ့ရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက်ပိုင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး နိုင်ဝင်း လိုက်ပါသော စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ...

ဆော့လော်မြို့နှင့် စစ်ကောင်စီ တပ်စခန်းအားလုံးကို ကို KIA ဦးဆော်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိ

ရန်ကုန်၊ ကချင်ပြည်နယ်၊ ချီဗွေခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဆော့လော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ချီဖွေခရိုင်၊...

မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ဇနီးဖြစ်သူနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၂ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ဇနီးဖြစ်သူ နှင့်အတူ လက်နက်ခဲယမ်းများယူ ဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကိုသည်...

ထောင်အတွင်းမှ နိုင်/ကျဉ်း ၁ ဦး ပြုလုပ်ထားသော ကော်ဖီအိတ်ခွံများဖြင့် ရက်လုပ်ထားသည့် 10:27 Office Bag ကို လေလံတင်ရောင်းချလိုပြီး စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးနှင့် ရိက္ခာများ လှူဒါန်းလို

ရန်ကုန်၊ အောက်တိုဘာ ၂ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကော်ဖီအိတ်ခွံများဖြင့် ထုတ်လုပ်ထားသည့် 10:27 Office Bag ကို လေလံတင် ရောင်းချပြီး စစ်ဘေးရှောင် ဒုက္ခသည်များကို ဆေးဝါးနှင့် ရိက္ခာများလှူဒါန်းသွားမည်ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်း သား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ 10:27 Office Bag ကို...

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ဆရာတော်၊ သံဃာတောများ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် နှင့် ကန့်ကွက်ကြရန် သံဃသမဂ္ဂ (မန္တလေး)က တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၂ အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ဆရာတော်၊ သံဃာတောများ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် သံဃသမဂ္ဂ (မန္တလေး)က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့တွင် သန်းခေါင် စာ ရင်း စတင်ကောက်ယူခဲ့ပြီး စက်တင် ဘာလ ၃၀ ရက်န့ကတည်းက စစ်ကောင်...

မြ၀တီမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဖလူးကျေးရွာစာသင်ကျောင်း ထိမှန်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ် ခတ်သဖြင့် ဖလူးကျေးရွာစာသင် ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း KNU တပ်မ ဟာ ၆ နယ်မြေမှ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂...

နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ စက်ရုံများမှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ရေမျာ ပျက်စီးခဲ့

ရန်ကုန်၊ အောက်တိုဘာ ၂ နေပြည်တော်တပ်ကုန်းမြို့ ရေကြီးမှုတွင် ကပစ ၁ နှင့် ကပစ ၄ မှ စစ်သည်၊ အရာရှိနှင့်တပ်မိသားစုဝင် ၃၀ ကျော် ရေမျော သေဆုံးခဲ့ပြီး လက်နက်သိုလှောင်ရုံ၊ ထုတ်လုပ်ရေးနှင့် ကုန်ကြမ်းဓာတုပစ္စည်းများအားလုံး ပျက်စီးခဲ့ရကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ စက်တင်ဘာလ ၉...

မင်းအောင်လှိုင် ပေးတဲ့ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ သူရဲကောင်းမှတ်တမ်းဝင်၊ စစ်မှုထမ်းကောင်းဘွဲ့ရ FTC 2000G ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦး လေယာဉ်ဆီခိုးရောင်းမှု အပါအဝင် တရားမဝင်ငွေ လစဉ် သိန်းထောင်ချီ ရနေ

By ရန်ကုန်ခေတ်သစ် တရုတ်နိုင်ငံလုပ် FTC 2000 G လေယာဉ်တွေက မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့နယ်မြေတွေကို အဓိက ဗုံးကျဲတိုက်ခိုက်နေတဲ့ လေယာဉ်အုပ်စုဖြစ် လာပါတယ်။ လေယာဉ်အပိုပစ္စည်း အလွယ်တကူနဲ့ အမြန်ဆုံးရရှိနိုင်တာ၊ နည်းပညာအရ F7 တိုက်လေယာဉ်တွေနဲ့ အလားသဏ္ဍန်တူတာ၊ လေယာဉ်ဆီစားနှုန်းက ရုရှား SU 30...

ဘုတလင်တွင် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းမှု စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင်မိ၊ လက်နက်မျိုးစုံ ၅၉ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁ စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တိုက်ခိုက် ချေမှုန်းရာ စစ်သား ၃၅ ဦးသေဆုံးပြီး ၄၆ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကူတော်စခန်းမှ...

Latest news

- Advertisement -spot_img