29 C
Yangon
- Advertisement -spot_img

TAG

news

ပေါက်ခေါင်းတွင် ၉ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က အွန်လိုင်းမှ လိမ်လည် စစ်မှု ထမ်းတပ်သားအဖြစ် စုဆောင်းမှု သတင်းမီဒီယာများက သတင်းဖော်ပြပြီးနောက် မိဘများထံသို့ ကျောင်းသား ၂ ဦးကို စစ်တပ်က ပြန်ပို့အပ်နှံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၉ တန်းကျောင်းသား ၂ ဦးကို စစ်မှုထမ်းတပ်သားအဖြစ် အွန်လိုင်းပေါ်မှ လိမ်လည်ခေါ်ဆောင်စုဆောင်းမှု သတင်းကို သတင်းမီဒီယာများက ဖော်ပြပြီးနောက် ယင်းကျောင်းသား ၂ ဦးကို မိဘများထံသို့ စစ်တပ်က ပြန်လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအုပ်စု၊...

ယင်းမာပင်မြို့နယ်တွင် ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ပျက်စီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင် ဗျူဟာ ၄၇ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆...

စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း CDM ဝင်ခဲ့ကြသော ပညာရေးဝန်ထမ်းများကြောင့် နိုင်ငံတွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲဟု မင်းအောင်လှိုင်ဝန်ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှု ၅ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း CDM ဝင်ခဲ့ကြသော ပညာ ရေးဝန်ထမ်းများကြောင့် နိုင်ငံတွင် ပညာရေးဝန်ထမ်းလို အပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံလိုက်သည်။ ယမန်နေ့ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်...

ပုလောမြို့နယ်တွင် CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ကို ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား ၄ ဦးက သတ်ဖြတ်မှု KNU က ပြန်လည် ဖမ်းဆီးရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ကို ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သား ၄ ဦးက သတ်ဖြတ်သွားခဲ့ပြီး လူ သတ် တရားခံများကို KNU က ဖမ်းဆီးရရှိပြီဖြစ်ကြောင်း KNU က သတင်းထုတ်ပြန် သည်။ ဒီဇင်ဘာလ ၁၅...

စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းနေသော MAI လေကြောင်းလိုင်းက ပြည်ပခရီးသည်များ ၏ Hand Carry ကို အခမဲ့ သယ်ခွင့်မပေးတော့ဘဲ အလေးချိန်အလိုက် ငွေကြေး အဆ မတန် တောင်းခံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက် စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းနေသော MAI လေကြောင်းလိုင်းက ပြည်ပ ခရီး သည်များ၏ လက်ဆွဲ Hand Carry သယ်ဆောင်မှုများကို အခမဲ့ သယ် ယူခွင့်မပေးတော့ဘဲ အလေးချိန်အလိုက် ငွေကြေး အဆမတန် တောင်းခံလျက်ရှိကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများ အဖြစ်ကြေညာခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမည်ဟု NUG က ထပ်မံ ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အကြမ်းဖက်စစ်ကောင်စီမှ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အဖွဲ့ဝင် ၃၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကြမ်းဖက်သမားများအဖြစ် ကြေညာခဲ့ပြီး နောက် ဖမ်းဆီးရရှိနိုင်ရေး ကြိုးပမ်းသွားမည်ဟု ထပ်မံ ကြေညာသည်။ ယမန်နေ့ ထုတ်ပြန်သော ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် စစ်ကောင်စီအဖွဲ့ဝင် အကြမ်းဖက်သမားများကို...

တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံး၊ တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃၀ ဦးသေဆုံးပြီး တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်ခဲ့ကြောင်း Taung Tha People Defense Force...

မိုးကုတ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသည့် နေရာသို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲ၊ မြင်းမူတွင်လည်း စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား တချို့ သေဆုံးနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ဗျူဟာကုန်း အနီးကုလားကျောင်းပေါ်သို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှ စ၍...

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ စစ်တပ်က ယုတ်မာစွာ သတ်ဖြတ်မှုများ လုပ်နိုင်၍ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်းများ ရှောင်ကြဉ်ကြရန် KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ကရင်နီပြည်တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးအချိန်ကာလအတွင်း အကြမ်းဖက်စစ်တပ်က ယုတ်မာစွာ သတ်ဖြတ်မှုများ လုပ်ဆောင်လာနိုင်သောကြောင့် လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်းများ ရှောင်ကြဉ်ကြရန် KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် သတိပေးလိုက်သည်။ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ ဇန်နဝါရီလ ၅...

မြိုင်၊ ကောလင်း၊ တန့်ဆည်၊ ကျွန်းလှ နှင့် ရေဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံ နှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ မြိုင်မြို့နယ်၊ ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့်ရေဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ ပြည်သူများ ထိခိုက်မှုရှိပြီး ဆေးရုံနှင့် နေအိမ်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၈...

Latest news

- Advertisement -spot_img