25.7 C
Yangon
- Advertisement -spot_img

TAG

news

စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာ စစ်တပ်စခန်းကို AA ကစီးနင်းတိုက်ခိုက်မှု စစ်ကောင်စီဘက်မှ သေဆုံးထိခိုက် များပြား

ရန်ကုန်၊ ဇွန် ၁၁ ရခိုင်ပြည်၊ စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီ စစ်စခန်းကို အာရက္ခတပ်တော် AA က မေလ နောက်ဆုံးအပတ်အတွင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း စစ်တွေသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်သားများ အလစ်အငိုက်ဖြစ်နေချိန်တွင် ညတွင်းချင်း AA က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်းနှင့် သံချပ်ကာ...

မင်းအောင်လှိုင်က စစ်ကိုင်းနှင့်မန္တလေးမြို့တို့သို့ လာရောက်သော်လည်း ငလျင် ဒဏ်သင့် ပြည်သူများအတွက် မည်သည့်အကူအညီမှ မပေးဘဲ ငွေကုန်ပေါက်များ ဖန်တီးသွားခဲ့

ရန်ကုန်၊ ဇွန် ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ခံခဲ့ရသော စစ်ကိုင်းနှင့်မန္တလေးမြို့တို့သို့ လာရောက်ခဲ့ပြန်သော်လည်း ငလျင်ကြောင့် နေအိမ်နှင့် စီးပွားရေးများ ဆုံးရှုံးသော ပြည်သူများအတွက် အကူအညီ ပေးခြင်းမရှိသေးကြောင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၁၀...

ကျိုက်မ​ရောနှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ ပန်ရပ် ​ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်​၊ဇွန် ၉ မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အစပ် ပန်ရပ် ​ကျေးရွာရှိ ကလေးများကို စာသင်ကြားပေးနေသည့် နေအိမ်စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့...

ဖားကန့်မြို့နယ်၊ မှော်ဆီဇာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ လက်ဖက်ရည်ဆိုင်ထိုင်စဉ် ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ ဘုရားကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားတချို့ အပြင်ထွက်၍ လက်ဖက်ရည်ဆိုင် ထိုင်စဉ် ပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့...

ကြို့ပင်ကောက်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ဗောဓိကုန်းရွာအုပ်ချုပ်ရေးမှူး မောင်ညိမ်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၉ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ဗောဓိကုန်းရွာ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မောင်ညိမ်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း BTZM GBK PDF တပ်ခွဲမှူး ကိုတေဇမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

TNLA ပါဝင်သော တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်းလိုက်ပြီး ယခုနှစ်အတွင်း တအာင်းပြည် တော်လှန်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းတော့မည်

ရန်ကုန်၊ ဇွန် ၉ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့များနှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ် အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့သိမ်းပိုက်ထားသော TNLA အပါအဝင် တအာင်းအမျိုးသား အစုအဖွဲ့များ စုပေါင်း၍ တအာင်းပြည်တော်လှန်ရေးကာလအစိုးရကို ဖွဲ့စည်းထူထောင်ရေးအတွက် တအာင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ တအာင်းပြည်တစ်နေရာတွင် တအာင်းအမျိုးသားပါတီ -TNP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး...

ဆီဆိုင်မြို့နယ်မှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်းထုတ်ပြီး မွေတော်ဘုရားဝင်းအတွင်းတွင် ထိန်းသိမ်းထား

ရန်ကုန်၊ ဇွန် ၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂ ခုအတွင်းမှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်း ထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း PNLA သတင်းနှင့် ပြန်ကြား ရေးဌာန...

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၉ ရက်နေ့ နံနက်...

ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ရခိုင်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း အင်အားအသင့် အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့

ရန်ကုန်၊ ဇွန် ၉ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး၊ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့ အနောက်ဘက် ၇၆ ကီလိုမီတာအကွာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ငလျင်စောင့်ကြည့်ရေးဘူမိဒေသအဖွဲ့- USGS က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၉...

ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၉ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၈ ရက်နေ့ နံနက် ၅ နာရီ...

Latest news

- Advertisement -spot_img