26.2 C
Yangon
- Advertisement -spot_img

TAG

news

နေပြည်တော်နှင့်ဧရာ၀တီတိုင်းမှ ရဲမှူးများ၊ ရဲအရာရှိများက လိုင်စင်မဲ့ကားအရောင်းအဝယ် ဆက် လက် လုပ်ကိုင်ပြီး လိုင်စင်မဲ့ကားများ စီးနင်းနေဆဲ

ရန်ကုန်၊ ဇွန် ၆ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရုံးမှ ဒုရဲမှူး ချစ်စမ်းမောင်နှင့် ၎င်း၏ မယားညီအစ်ကို ဒုရဲမှူး အောင်နိုင်မိုးတို့ နှစ်ဦးသည် လိုင်စင်မဲ့ကားအရောင်းအဝယ် အပါ အဝင် ရာဇဝတ်လုပ်ငန်းများကို လုပ်ကိုင်ကြီးပွားလာပြီး လက်ရှိအချိန်အထိ လိုင်စင်မဲ့ကားရောင်းဝယ်မှုများနှင့် ဆက်စပ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရဲမှူးအောင်နိုင်မိုးသည် အာဏာသိမ်းခါစကာလက အင်းစိန်မြို့နယ်မှူးဘဝတွင်...

အပစ်ရပ်စစ်တပ်က နောင်ချိုမြို့သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များနှင့်ဘုန်းကြီး ကျောင်း ပျက်စီး

ရန်ကုန်၊ ဇွန် ၆ ရှမ်းပြည်နယ် နောင်ချိုမြို့တွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြာင်း TNLA က ယနေ့ သတင်းထုတ်ပြန်သည်။ ဇွန်လ ၄ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့ ဈေးရပ်ကွက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့်...

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၆ မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်နှင့်ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုစည်းထားသော သတင်းအချက်အလက်များအရ သိရှိရသည်။ မေလအတွင်း စစ်ကောင်စီတပ်မှ အရာရှိနှင့်စစ်သည်အများအပြား...

သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

ရန်ကုန်၊ ဇွန် ၆ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ် တပ်က လေယာဉ် ဖြင့် ဗုံးကျဲချခဲ့ရာ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦး...

ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း ILOက စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် NUG က ကြိုဆို

ရန်ကုန်၊ ဇွန် ၆ ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) က စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ အလုပ်သမားဝန်ကြီးဌာနက ကြိုဆိုလိုက်သည်။ ယမန်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌...

လွိုင်ကော်မြို့နယ် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၆ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်စခန်းနှင့်စစ်ကူစစ်ကြောင်းတိုက်ခိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNDF တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့်က လွိုင်ကော်မြို့နယ်၊ သပြေကုန်းဘုန်းကြီးကျောင်းဝင်းအတွင်း...

အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိ

ရန်ကုန်၊ ဇွန် ၆ အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိနေကြောင်း မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ အထွေ ထွေအတွင်း ရေးမှူး ဦးဝေမှူးသွင်က...

ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုတွင် လုပ်ကြံသူများ ဟုဆိုကာ အသက် ၆ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးရရှိဟု စစ်တပ်က သတင်း ထုတ်ပြန်၊ GVW ကမူ ရဲဘော်များ လုံခြုံဘေးကင်းဟု ဆို

ရန်ကုန်၊ ဇွန် ၆ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် မေလ ၂၂ ရက်နေ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်ခတ်ခံရ၍ သေ ဆုံးမှုတွင် လုပ်ကြံပါဝင်သူများဟုဆိုကာ အသက် ၆ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးရရှိကြောင်း အကြမ်း ဖက်...

Breaking News – စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ညီလာခံက အတည်ပြုဆုံးဖြတ်

ရန်ကုန်၊ ဇွန် ၅ အကြမ်းဖက်စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူရန် အပြည် ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ ညီလာခံက ယနေ့ ဆုံးဖြတ်အတည်ပြုလိုက်ကြောင်း ညီလာခံ တက်ရောက် နေသော မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ...

မုံရွာတွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦးနှင့် ရဲ ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ ဇွန် ၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်တပ်စခန်းတို့မှ စစ်မှုထမ်းတပ်သား ၂ ဦး နှင့် ရဲ ၁ ဦးတို့ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်လာသောကြောင့် တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ တာဝန်ခံ ကိုအာကူးက...

Latest news

- Advertisement -spot_img