24 C
Yangon
- Advertisement -spot_img

TAG

news

ရန်ကုန်-ပြည် ကားလမ်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများနှင့် PDF တပ်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၈ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများနှင့် PDF တပ်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်လ ၇...

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စေရန် မျှော်လင့်ဟု ဆိုပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၈ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ လွတ်လပ်မှုနှင့် ယုံကြည်စရာကောင်းသော ရွေးကောက်ပွဲ မဟုတ် ၍ အသိအမှတ်မပြုဟုဆိုခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စေရန် မျှော်လင့်ကြောင်း ထပ်မံပြောဆိုပြန်သည်။ ယမန်နေ့ နေပြည်တော်သို့သွားရောက်၍ အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက် ညိုစော...

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု မလောင်ကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု မိသားစုတစ်စုတည်းမှ ပြည်သူ ၃ ဦး သေဆုံးပြီး ၇ လသား အရွယ် ကလေးငယ် ၁ ဦးသာ အသက်ရှင် ကျန် ရစ်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု မလောင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချခဲ့ရာ မိသားစုတစ်စုတည်းမှ ပြည်သူ ၃ ဦး သေဆုံးကာ ၇ လသား အရွယ် ကလေးငယ် တစ်ဦးသာ ကျန်ရစ်ခဲ့ကြောင်း ဖားကန့်...

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ တစ်ကျော့ပြန် စစ်ပြန်ဖြစ်ပြီး ထိုင်းလေတပ်က ကမ္ဘောဒီးယားစစ်စခန်းကို ဗုံးကျဲ၊ ကမ္ဘောဒီးယားကလည်း BM-21 ရုရှားထုတ်ဒုံးကျည်များဖြင့် ထိုင်းထဲသို့ ပြန်လည်ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နယ်စပ်နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ တစ်ကျော့ပြန် စစ်ပြန်ဖြစ်ပြီး ထိုင်းလေတပ်က ကမ္ဘောဒီးယားစစ်စခန်းကို ဗုံးကျဲကာ ကမ္ဘောဒီးယားကလည်း BM-21 ရုရှားထုတ်ဒုံးကျည်များဖြင့် ထိုင်းထဲသို့ ပြန် လည် ပစ်ခတ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှစတင်၍ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်မြေအတွင်းရှိ...

ဗန်းမောက်မြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်နေရာကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာကိုလည်း စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးများ ကျဲချ

ရန်ကုန်၊ ဒီဇင်ဘာ ၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂...

ဒီဇင်ဘာလ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော စျေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်ကြရန် စစ်တပ်က ညွှန်ကြား

ဒီဇင်ဘာ ၁၀ ရက်နေ့ မည်သည့်ဝန်ထမ်းကိုမှ ခွင့်မပေးရန်၊ လူစုံတက်စုံ ရုံးတက်ခိုင်းရန် ဝန်ကြီးဌာနများအတွင်း ရုံးတွင်း အမိန့်များထုတ် ရန်ကုန်၊ ဒီဇင်ဘာ ၈ အသံတိတ်သပိတ် ပြုလုပ်မည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပိတ်ထားမည့် ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများကို ဖမ်းဆီးချိတ်ပိတ်အရေးယူရန်၊ ပြည်သူများ ပါဝင်နိုင်သော...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဟု မင်းအောင်လှိုင် ပြောပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၇ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှ စစ်တပ်က လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ ပြင်ဦးလွင်တပ်နယ်တွင် စစ်တပ်အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဗိုလ်လောင်းများကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ မင်းအောင်လှိုင်က စစ်တပ်အနေဖြင့် နိုင်ငံ၏...

TNLA က လက်လွှတ်လိုက်ရသော မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို PDF တပ်များက ထိုးစစ်ဆင်နေပြီး မိုးကုတ်၏ စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိဟု NUG က ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၆ မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့ဒေသတို့ကို PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မိုးကုတ်၏ စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG အစိုးရက ယနေ့ ဒီဇင် ဘာလ ၆ ရက်နေ့တွင်...

ထိုင်းနိုင်ငံဘက်အခြမ်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရရှိပြီးနောက် မီးခိုးဗုံးအမြောက် ၄ လုံး မြန်မာဘက်သို့ ထိုင်းစစ်တပ်က ပြန်လည် ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၅ ထိုင်းနိုင်ငံဘက်အခြမ်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရရှိပြီးနောက် မီးခိုးဗုံးအမြောက် ၄ လုံး မြန်မာဘက်သို့ ထိုင်းစစ်တပ်က ပြန်လည် ပစ်ခတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ...

ပင်လယ်ရေအောက် ဖိုက်ဘာ ကေဘယ်ဆက်ကြောင်း ပြတ်တောက်လို့ အင်တာနက်တွေ နှေးကွေးသွားတယ်လို့ စစ်တပ်က အကြောင်းပြပြီး ဒီဇင်ဘာလကုန်မှာ ပြန်ကောင်းမွန်နိုင်တယ်လို့ဆိုပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၅ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အင်တာနက်လိုင်း နှေးကွေးကျဆင်းမှုတွေ လာမယ့် ဒီဇင်ဘာလကုန်ချိန်မှာ ပြန်လည်ကောင်းမွန်မယ်လို့ အာဏာသိမ်းစစ်ကော်မရှင် လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့ကစလို့ အင်တာနက်အသုံးပြုသူတွေ လိုင်းပြတ်တောက်တာနဲ့ အသုံး ပြုရခက်ခဲတာတွေ တွေ့ကြုံခဲ့ကြရပြီး လက်ရှိအချိန်အထိ အင်တာနက်လိုင်းတွေ မူလအခြေအနေကို...

Latest news

- Advertisement -spot_img