29 C
Yangon
- Advertisement -spot_img

TAG

news

မြန်မာနိုင်ငံတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မရှိ၍ လူငယ်အကုန်လုံး အခြားတိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်နေရပြီး ပြည်ပရောက် လူငယ် ၅ သန်းကျော်ထံမှ လုပ်ခလစာများ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိရေးလုပ်ဆောင်မည်ဟု ကြံ့ဖွတ်ပါတီမှ ခင်ရီနှင့် သောင်းအေးတို့က ပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၈ မြန်မာနိုင်ငံတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မရှိ၍ လူငယ်အကုန်လုံး အခြားတိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်နေပြီး ပြည်ပရောက် မြန်မာလူငယ် ၅ သန်းကျော်ထံမှ လုပ်ခလစာများ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိရေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီမှ ဥက္ကဋ္ဌ ခင်ရီနှင့် သောင်းအောင်းတို့က ပြောဆိုလိုက်ကြသည်။ ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲများတွင် ခင်ရီနှင့်သောင်းအေးတို့...

ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောသည့် ပြည်သူ ၁ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ လမ်းဆုံတွင် ကြံ့ဖွတ်ပါတီ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍ လဲကျသွားမှုကို ဟားတိုက်ရယ်မောခဲ့သည့် ပြည်သူ ၁ ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း မြို့နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀...

နိုင်ငံဖြတ်ကျော် ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို အကြမ်းဖက် စစ်တပ်က စနစ်တကျ ကာကွယ်ပြီး စစ်စရိတ်ရှာဖွေနေဟု မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ကြေညာ

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေး အလုပ်အဖွဲ့ ကို NMSP-ADက ဖွဲ့စည်း ရန်ကုန်၊ နိုဝင်ဘာ ၂၇ အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) နှင့် လူကုန်ကူးမှုလုပ်ငန်းများကို စနစ်တကျ အကာ အကွယ်ပေးကာ ကိုယ်ကျိုးစီးပွားရှာဖွေနေပြီး အဆိုပါ လုပ်ငန်းများမှ ရရှိသည့်...

မုံရွာမြို့ပေါ်တွင် ၂ ရက်ဆက်တိုက် စစ်တပ်က လူငယ် ၄၀ကျော်ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ၂ရက်ဆက်တိုက် အကြမ်းဖက်စစ်တပ် က လူငယ် ၄၀​ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ နှင့် နိုဝင်ဘာလ ၂၆ ရက်နေ့တို့တွင် မုံရွာမြို့ပေါ်တွင် စစ်တပ်က နေ့ရောညပါ...

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ကူညီထောက်ပံ့

ရန်ကုန်၊ နိုဝင်ဘာ ၇ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ယခုရက်ပိုင်းအတွင်း ရာသီဥတုဆိုးရွားမှုကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာထိုင်းနိုင်ငံတောင်ပိုင်းရှိ ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ NUG အစိုးရ အနေနှင့် ဟတ်ယိုင်မြို့နှင့် ၎င်းပတ်ဝန်းကျင်ဒေသရှိ ရေဘေးသင့်...

သရက်ချောင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့၊ ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် စစ်တပ်က ဖမ်းဆီးသွားကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ကျေးရွာများကို ဆက်တိုက်မီးရှို့နေကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၇...

ကွမ်းခြံကုန်း၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်ဇော်က NLD ပါတီထောက်ခံသူ အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ယင်းအမျိုးသမီးကို ဖမ်းဆီးခိုင်းကာ တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်ဇော်က အမျိုးသမီး ၁ ဦးကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်ပြီး ပြုကျင့်ခံရသည့် အမျိုးသမီးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း ပြစ်ဒဏ်ကျခံရသော အမျိုးသမီး၏ မိတ်ဆွများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ...

ကြံ့ဖွတ်ပါတီကို မဲပေးရေး မဲဆွယ်နေသည့် သရုပ်ဆောင် နေအောင်က စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သူမှန်သမျှ အကုန်သတ်ရမည်ဟု ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ကြံ့ဖွတ်ပါတီကို မဲပေးရေး မဲဆွယ်နေသည့် သရုပ်ဆောင် နေအောင်က စစ်တပ်အနေဖြင့် တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သူမှန်သမျှ အကုန်သတ်ရမည်ဖြစ်ကြောင်း ပြည်တွင်း စစ်လော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုသို့ ထုတ်ဖော်ပြောဆိုသည်။ သရုပ်ဆောင်နေအောင်က ၎င်းအနေဖြင့် စစ်သားသားသမီးဖြစ်၍ ယူနီဖောင်းမြင်လျှင်ပင် ချစ်ကြောင်း၊ ကြံ့ဖွတ်ပါတီသည် စစ်တပ်မှ လာသော ပါတီဖြစ်၍ ကြံ့ဖွတ်ပါတီကို...

ရေးမြို့နယ်တွင် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မောင်ဖဲ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၇ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မောင်ဖဲ ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ ည...

မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေ၊ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးတွင် ကျားဖြန့် အလုပ်ရုံများမှ ထွက်ပြေးလာသော တရုတ် အပါအဝင် နိုင်ငံခြားသား ရာပေါင်းများစွာ သောင်တင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး ထန်းသုံးပင် ကျားဖြန့် အလုပ်ရုံနေရာအနီးတွင် စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ လက်နက်ကြီးနှင့်လက်နက်ငယ်များ...

Latest news

- Advertisement -spot_img