25 C
Yangon
- Advertisement -spot_img

TAG

NUG

အာဆီယံ၏ အဓိက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ မြန်မာစစ်တပ်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်တိုက် ငြင်းဆန်နေမှုပင်ဖြစ်ဟု NUG က သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၃ အာဆီယံအနေဖြင့် မြန်မာ့အရေးတွင် လက်ရှိ ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုမှာ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှု မရှိခြင်းကြောင့် မဟုတ်ဘဲ မြန်မာစစ်တပ်က ၎င်းကိုယ်တိုင် သဘောတူလက်ခံခဲ့သော အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ဆက်တိုက်ငြင်းဆန်နေခြင်းကြောင့်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က သတိပေးပြောဆိုလိုက်သည်။ ဇူလိုင်လ ၁၂ ရက်နေ့...

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် အာဆီယံဥက္ကဋ္ဌ တို့ တွေ့ဆုံရန်ရှိဟု NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် မလိုက်နာဘဲ စစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို အလွတ် သဘော တွေ့ဆုံမှု အာဆီယံ၏ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်နိုင်ဟု ဒေါ်ဇင်မာအောင် သတိပေး ရန်ကုန်၊ ဇူလိုင် ၁၂ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မြန်မာ့ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကို ထောက်ခံသော နိုင်ငံများသို့ ဆက်လက်သွားရောက်ရန်...

မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူးအပါအဝင် ရဲဘော် ၅ ဦးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့သည့် စီးနင်းတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး အရေးယူရန် NUG ညွှန်ကြားထားဟု ပြည်ထဲရေးဒုဝန်ကြီး ပြော

ရန်ကုန်၊ ဇူလိုင် ၃ မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူးအပါအဝင် ရဲဘော် ၅ ဦးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့သည့် စီးနင်းတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ညွှန်ကြားထားကြောင်း ပြည်ထဲရေးဒုဝန်ကြီး ဦးကျော်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့...

ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင်ကို ပစ်သတ်ခဲ့သည့် တရားခံ ငဖြိုးကို ဖမ်းဆီးထားပြီး စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကိုင်တွယ်စစ်ဆေး အရေးယူမှုများ လုပ်ဆောင်မည်ဟု NUG ပြော

ရန်ကုန်၊ ဇွန် ၂၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံ ရဲဘော် ငဖြိုးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွင်းဆင်း စစ် ဆေးနေကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။ ဇွန်လ...

မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် ချုပ်ဆိုသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ အန္တရာယ်ဖြစ်ပေါ်နိုင်ဟု NUG သတိပေးကြေညာ

ရန်ကုန်၊ ဇွန် ၂၀ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုနှင့် ချုပ်ဆိုထားသော စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်များသည် ဥပဒေရေးရာ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတိပေးလိုက်သည်။ ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင်...

NUG အစိုးရ အုပ်ချုပ်ရေး နယ်မြေတွင် ကာကွယ်ရေးဝန်ကြီးဌာနက လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ ကျင်းပ

ရန်ကုန်၊ ဇွန် ၁၉ NUG အစိုးရ အုပ်ချုပ်ရေး နယ်မြေတွင် ကာကွယ်ရေးဝန်ကြီးဌာနက လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏...

ပြည်တွင်းနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို ဦးဆောင်မည့် အားကောင်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ-SCEF ဖြစ်လာရန် ထပ်မံ တိုးချဲ့ဖွဲ့စည်းမည်ဟု NUG သမ္မတက ကြေညာ

ရန်ကုန်၊ ဇွန် ၁ မြန်မာနိုင်ငံတွင် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ (SCEF) က ပြည် တွင်းနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို ဦးဆောင်ပုံဖော်ကြရန်နှင့် ပိုမိုအားကောင်းသည့် “ဦးဆောင်ကောင်စီ” ဖြစ်လာစေရန် ထပ်မံတိုးချဲ့သွားမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင်ကြေညာလိုက်သည်။ ယနေ့ ဇွန်လ ၁...

အကြမ်းဖက် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့ NUG အစိုးရက သဝဏ်လွှာပေးပို့

ရန်ကုန်၊ မေ ၂၈ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပေါ် မြန်မာပြည်သူ လူထုက များစွာစိုးရိမ်ပူပန်မိပြီး ကန့်ကွက်ကြောင်း ဖော်ပြထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဝဏ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ထံသို့ ပေးပို့လိုက်ကြောင်း သိရသည်။ မေလ ၂၇ ရက်နေ့...

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု အရာရှိကြီးအချို့အပါအဝင် ၈ ဦးခန့် သေဆုံးဟု NUG ပြည်ထဲရေးဒုဝန်ကြီးပြော

ရန်ကုန်၊ မေ ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိကြီးအချို့အပါအဝင် ၈ ဦးခန့် သေဆုံးခဲ့ကြောင်း NUG အစိုးရ ၊ ပြည်ထဲ ရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့...

အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်ဟု NUG ဝေဖန်၊ မြန်မာစစ်တပ်ကို အသိအမှတ်မပြုရန် နိုင်ငံတကာကို ထပ်မံတိုက်တွန်း

ရန်ကုန်၊ မေ ၁၂ အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့်အပေါ် အာဆီယံနှင့် နိုင်ငံတကာကို ပြစ်တင်ရှုတ်ချနေသော စစ်ကောင်စီ၏ လုပ်ရပ်မှာ "သူခိုးက လူဟစ်" သည့် လုပ်ရပ်သာဖြစ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ပြင်းပြင်း ထန်ထန် တုံ့ပြန်ဝေဖန်လိုက်ပြီး၊ စစ်အုပ်စုအား နိုင်ငံရေးအရ အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို...

Latest news

- Advertisement -spot_img