31.1 C
Yangon
- Advertisement -spot_img

TAG

PDF

အုတ်ဖိုတွင် ဆိုင်ကယ် ကယ်ရီသမားပုံစံ အယောင်ဆောင်ကာ PDF စခန်း စုံစမ်းနေသော ပျူစောထီး ပြည့်စုံ အရှင်ဖမ်းဆီးခံရစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၈ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကယ်ရီသမား အယောင်ဆောင်ကာ PDF သတင်း လာရောက် စုံစမ်းသော ပျူစောထီး ပြည့်စုံကို အရှင်ဖမ်းမိ သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ...

NUG က တစ်နိုင်ငံလုံး အထွေထွေထိုးစစ် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန်ထိုးစစ်ဆင်လာဟု ဝန်ခံ

ရန်ကုန်၊ စက်တင်ဘာ ၈ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တစ်နိုင်ငံလုံးအထွေထွေထိုးစစ်အတွက် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန် ထိုးစစ်ဆင်လာကြောင်း NUG -ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန် ဝန်ခံလိုက်သည်။ ယမန်နေ့ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊...

တောင်တွင်းကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က သီရိရတနာကျေးရွာကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၈ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် - ပုဏ္ဏ၀တီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဩဂုတ်လ...

မြို့နယ်နှင့် နယ်မြေရဲစခန်းတိုင်းတွင် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်၊ ပုဂံဘုရားဖူးလာသည့် CDM ဝန်ထမ်းတချို့ PSMS ဆော့ဝဲဖြင့် ဧည့်စာရင်းစစ်ချိန် အဖမ်းခံရ

ရန်ကုန်၊ စက်တင်ဘာ ၈ အကြမ်းဖက်စစ်တပ်က မြို့နယ်နှင့်နယ်မြေရဲစခန်းတိုင်းတွင် ပြည်သူများကို ပြစ်မှု မှတ်တမ်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ အဓိက စိစစ်သည့် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်ထားကြောင်း သိရှိရသည်။ ယခုနှစ် မေလနှောင်းပိုင်းမှစတင်ပြီး စစ်တပ်က...

ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ် တမ်းလွှာ စစ်ရုံးက ချက်ချင်းထုတ်ပေးပြီး ၃ လအတွင်း ခံစားခွင့်များ ထုတ်ပေး

တပ်သားမှ ဗိုလ်ကြီးအဆင့်အထိသေဆုံးမှုကိုမူ အလောင်းရရှိမှုအပေါ် မူတည် ခံစားခွင့်ပေးပြီး အလောင်းမပြနိုင်လျှင် မည်သည့်ခံစားခွင့်မှ အလွယ်တကူ မရ ရန်ကုန်၊ စက်တင်ဘာ ၈ အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင်...

ပေါက်-ဆိပ်ဖြူ လမ်းပိုင်း အနီး စစ်တပ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်မှူ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ စက်တင်ဘာ ၇ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက် - ဆိပ်ဖြူ လမ်းပိုင်း အနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ပခုက္ကူခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက...

သရက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၉ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ မကွေးတိုင်း၊ သရက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army - USBA...

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Black Vote Fighter Local PDF က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများကို...

အုတ်ဖိုတွင် PDF တပ်ဖွဲ့များ အကြိမ်ကြိမ် ခေါ်ယူ သတိပေးနေသည့်ကြားမှ စစ်တပ်နှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မျိုးမင်းသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၅ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များ အကြိမ်ကြိမ် ခေါ်ယူ သတိပေးနေသည့်ကြားမှ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး မျိုးမင်းသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂...

ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတိုကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၅ မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော...

Latest news

- Advertisement -spot_img