28 C
Yangon
- Advertisement -spot_img

TAG

PDF

သပိတ်ကျင်း၊ စဉ့်ကူးနှင့် မိုးကုတ် မြို့နယ်တို့ကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ ထိခိုက်သေဆုံးမှုရှိကြောင်း Thabeikkyin Revolution - TR မှ တာဝန်ရှိသူ တစ်ဦးက...

စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ

လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်ရေး ဆောင်ရွက်သွားမည် ရန်ကုန်၊ ဇန်နဝါရီ ၁၀ အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စု ပေါင်းရုန်းကန် အရှိန်အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဖြစ်ကြောင်း တအာင်း TNLA က ယနေ့ ထုတ်ပြန်ကြေညာသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏...

ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဆက်တိုက် ဖမ်းဆီးခံနေရသဖြင့် အရာရှိနှင့် ဝန်ထမ်းများ ခရီးသွားမည်ပါက ဝန်ထမ်းဖြစ်ကြောင်း သက်သေအထောက်အထားနှင့်လက်ကိုင် မိုဘိုင်းလ်ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ လုံခြုံရေးအရ ပယ်ဖျက်ထားရန် ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ် အသိပေးတိုက်တွန်းညွှန်ကြားလာကြောင်း သိရှိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာ...

အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေဟု AA က ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀ အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း ၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့်...

မြန်မာဘက်သို့ လိမ်လည်ခေါ်ဆောင်ခံရတော့မည် တရုတ်ခရီးသည် ၂ ဦးကို ထိုင်းစစ်တပ်က မဲဆောက်တွင် ကယ်တင်၊ ချင်းမိုင်သို့ သွားလည်မည့် တရုတ် ၂ ဦးကို ကားသမားက လမ်းကြောင်းပြောင်း၍ နယ်စပ်သို့ ပို့ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ လိမ်လည်ခေါ်ဆောင်ခံရတော့မည် တရုတ်ခရီးသည် ၂ ဦးကို ထိုင်းစစ်တပ်က ကယ်တင်လိုက်ကြောင်း Khaosod English သတင်းဌာနက သတင်းဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ်အနီး တက်ခရိုင်တွင် တရုတ်နိုင်ငံသား ခရီးသည် အသက် ၂၇ နှစ်အရွယ် Wu နှင့် အသက် ၃၆...

ပုလောမြို့နယ်၊ ခလရ ၁၇ တပ်ရင်း နှင့် ပါဒစက်တော်ရာ အနီး တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် ခလရ ၁၇ နှင့် ပါဒစက်တော်ရာအနီး တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်က လေ ကြောင်းဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက...

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေကို ကလေးသူငယ်ပါမချန် နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က လူထုဆင်းရဲဒုက္ခရောက်နေတဲ့အတွက် နိုင်ငံနဲ့လူမျိုးအကျိုုးကို ဖျက်ဆီးနေကြတဲ့ လုပ်ရပ်တွေ ရပ်တန့်ရမယ်ဆိုပြီး ပြောသွားပြန်ပါတယ်။ ရခိုင်ပြည်နယ် ၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော် ကျေးရွာကို...

ရမ်းဗြဲကျွန်းရှိ လူနေထူထပ်သည့် ကျောက်နီမော်ကျေးရွာကို စစ်တပ်က ဗုံးကျဲ၍ မွတ်စလင်ပြည်သူ သေဆုံးမှုများပြားဟု AA က ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာတွင် ပြည်သူ ၄၀ သေဆုံးစေခဲ့သော စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ စစ်ကောင် စီ၏ သူရဲဘော ကြောင်သော စစ်ရာဇဝတ်မှု လုပ်ရပ်ဖြစ်ကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၈ ရက်နေ့...

လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး သေဆုံးပြီး ၄လကလေး လက်တစ်ဖက်ဆုံးရှုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး သေဆုံးပြီး ၄ လအရွယ် ကလေးငယ်မှာမူ လက်တစ်ဖက်ဆုံးရှုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ...

ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိ၊ စစ်တပ်က အသုံးပြုနေသည့် ကလေးစစ်သား ၁ ဦးကိုလည်း ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား ၄၀ ဦး သေဆုံး ပြီး လက်နက် ၃၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

Latest news

- Advertisement -spot_img