32 C
Yangon
- Advertisement -spot_img

TAG

PDF

အမေရိကန်သမ္မတထရမ့်ကို “ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားအမြတ်ထုတ်သူများကို ကာကွယ်ပေးသူ” ဟု အော် ဟစ်ခဲ့သည့် Ford ကားစက်ရုံ အလုပ်သမားကို အလုပ်မှ ဆိုင်းငံ့၊ သမ္မတထရမ့်ကလည်း လက်ခလယ်ထောင်၍ အလုပ်သမားကို တုံ့ပြန်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၄ အမေရိကန်သမ္မတထရမ့်ကို "ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားအမြတ်ထုတ်သူများကို ကာကွယ်ပေးသူ" ဟု အော် ဟစ် ခဲ့သည့် Ford ကားစက်ရုံ အလုပ် သမားကို အလုပ်မှ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်မှ လာသော သတင်းများအရ သိရှိရသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ အင်္ဂါနေ့၊...

ထိုင်းနိုင်ငံ ချွန်ပူရီတွင် မြန်မာနိုင်ငံသား ၁၀၀ နီးပါး အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား၊ ထိုင်းရောက် မြန်မာများ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာရန် NUG အသိပေးပန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ မြန်မာအလုပ်သမား ၁၀၀ နီးပါးခန့်က လမ်းမပေါ်တွင် အုပ်စုဖွဲ့ကာ ရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ကြသဖြင့် အနီးနားရှိ ထိုင်းဒေသခံများမှာ စိုးရိမ်ထိတ်လန့်ခဲ့ကြရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ချွန်ပူရီခရိုင်၊ ဖန်ထောင်မြို့နယ်...

NUG နှင့် CRPH က လူငယ်လူရွယ်များကို လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့မရောက်ဟု မင်းအောင်လှိုင် ညဉ်းတွား၊ PDF နှင့်လက်နက်ကိုင်များကို ဆက်လက်ဖိတ်ခေါ်ဟုဆိုပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့မရောက်ဘဲ အတားအဆီးများနှင့်သာ ရင်ဆိုင်နေရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဝန်ခံညဉ်းတွား ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော လူငယ်ဖိုရိမ်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ထိုသို့...

ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီးလည်းဖြစ်၊ အထက် လွှတ်တော်အမတ်လည်းဖြစ်သူ Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်အတွင်း NUG အစိုးရကိုယ် စားလှယ် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Dean Smith က တရားဝင် သတင်းထုတ်ပြန်သည်။ အထက်လွှတ်တော်အမတ် Dean Smith...

တောင်ကြီးတွင် စစ်တပ်ခန့် ရှမ်းတရားသူကြီးချုပ် သန်းဦးလွင် လမ်းနှင့်ပလပ်မြေများကို သိမ်းယူပြီး အမည်ပေါက် ဂရန်ထုတ်ယူရန် လုပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရှမ်းပြည်နယ်၊ တောင်ကြီးတွင် စစ်တပ်ခန့် ရှမ်းတရားသူကြီးချုပ် သန်းဦးလွင်က ပြည်သူပိုင် လမ်းနှင့်ပလပ်မြေများကို သိမ်းယူရန် လုပ်ဆောင်နေကြောင်း တောင်ကြီးအခြေစိုက် ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ခန့်အပ်ထားသော ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သန်းဦးလွင်က တောင်ကြီးရှိ အများပြည်သူပိုင် လမ်းမြေနှင့် ပလပ်မြေတို့ကို ၎င်းပိုင်မြေ အဖြစ်...

မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

စစ်တပ်၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ရယူရန် အသက်ရှင် လွတ်မြောက်လာသော ရိုဟင်ဂျာများက မျှော်လင့် ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ်မှာ အရပ်သားအစိုးရ၏ အုပ် ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ သို့...

ရေဦးမြို့၌ ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းတွင် နေရာယူထားသော စစ်သားများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဗျူဟာမှူး အဆင့်ရှိသူ အပါအဝင် ၁၃ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်၌ ရွေးကောက်ပွဲပြုလုပ်နေစဉ် ကြာဖူးအဝိုင်းတွင် နေရာယူထားသော စစ်သားများကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ရာ ဗျူဟာမှူးအဆင့်ရှိသူ အပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Farmer Heros Khin U တပ်ဖွဲ့က ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၁...

လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၃...

ရေဦးမြို့ အထွက်ရှိ စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်တာဝန်ခံ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့...

ဂန့်ဂေါ၊ ရေဦးနှင့် မင်းတုန်းမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂ မကွေးတိုင်း၊ ဂန့်ဂေါမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဝီလ စစ်ဆေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဂါးညီနောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဂန့်ဂေါမြို့အဝင်၌...

Latest news

- Advertisement -spot_img