26 C
Yangon
- Advertisement -spot_img

TAG

PDF

မြင်းမူ၊ ငါန်းဇွန်နှင့် ရေဦးမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ် မှ ဗိုလ်တိုက်ဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြင်းမူမြို့နယ်...

Breaking News – ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်သားအလောင်းများ လမ်းပေါ်တွင် ပြန့်ကျဲနေ

ရန်ကုန်၊ ဇန်နဝါရီ ၉ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ဒေသပြည်သူများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတငးဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်မှစတင်၍ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်စခန်းများကို...

ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၉ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပခုက္ကူတပ်မ ၁၀၁ မှ ကား ၆...

ဖြူးမြို့နယ်တွင် တော်လှန်ရေးတပ်များ၏ သတင်းစုံစမ်းထောက်လှမ်းနေသော စစ်တပ် ဒေါက်တိုင် ထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၉ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့များ၏ သတင်းစုံစမ်းထောက်လှမ်းနေသော အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင် ထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Phyu Township People's Defense Organization - ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှု များပြားခဲံ့ပြီး လက်နက်ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး လက်နက် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း မှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့...

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး တွဲကားများပါ မီးလောင်နေ၊ ရထားလမ်းနှင့်ကားလမ်းများအားလုံး ယာယီရပ်ဆိုင်းနေ

ရန်ကုန်၊ဇန်နဝါရီ ၉ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲအကြား စည်ပင်သာယာကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် တောကျွဲအင်းမြို့ရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများနှင့် ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆...

ဝန်းသိုတွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များမီးလောင်ပြီး ပြည်သူ တချို့ဒဏ်ရာရ ၊ ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်တို့တွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ နေအိမ်များမီးလောင်ပြီး ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန်မှစတင်၍ အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်များက...

ပဲခူးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်၊ အခြားစစ်ရာထူးကြီးများကိုလည်း အပြောင်းအလဲများ လုပ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၉ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ...

ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ပြီး တားဆေးထိုး၍ ပြန်လွှတ်ပေးခဲ့သော စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ပြီး တားဆေးထိုး၍ ပြန်လွှတ်ပေးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်...

တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ကန့်ဘလူမြို့နယ်တွင် လမ်းပိုင်းစစ်ဆေးနေသော PDF တပ်နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၂...

Latest news

- Advertisement -spot_img