26 C
Yangon
- Advertisement -spot_img

TAG

PDF

ပန်းတနော်မြို့နယ်တွင် ပြည်သူပိုင် လယ်မြေဧက ၆၀၀၀ ကျော်ကို စစ်ကောင်စီဝင် မန်းငြိမ်းမောင် ပါဝင်ပတ် သက်မှုဖြင့် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက မတရားသိမ်းယူပြီး အကွက်ရိုက်ရောင်းစား၊ မန်းငြိမ်းမောင်က ငွေကျပ် သိန်း ၆၀၀၀ ကျော် ဝေစုရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၇ ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ပြည်သူပိုင် လယ်မြေဧက ၆၀၀၀ ကျော်ကို စစ်ကောင်စီဝင် မန်းငြိမ်းမောင် ပါဝင်ပတ်သက်မှုဖြင့် စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ မတရားသိမ်းယူပြီး မြေကွက်ရိုက်ရောင်းစားကာ သိန်းသောင်းချီ အဂတိလိုက်စားမှုများဖြစ်ပွားနေကြောင်း မြေသိမ်းခံတောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ယခင်NLDအစိုးရလက်ထက် လယ်သမားများထံသို့ စစ်တပ်က...

စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇ ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို အမှုဆင်ဖမ်းဆီးငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံးသွားကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲမှူးဝင်းလှိုင်သည် ကျန်းမာရေးမကောင်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးမီအချိန် အထိ...

မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာရှိ စစ်တပ်၏ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၇ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင် OneMore စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ

ရန်ကုန်၊ ဇန်နဝါရီ ၇ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄...

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ

ရန်ကုန် ဇန်နဝါရီ ၇ နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်အချိန်...

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်ကို တွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ ဇန်နဝါရီ ၇ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးMa. Theresa P. Lazaro က မင်းအောင်လှိုင်ကိုတွေ့ဆုံ ဆွေးနွေးကြကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက မြန်မာနိုင်ငံဆိုင်ရာ...

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် AA၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နှင့်အတူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေဆုံးသွားခဲ့၊ အလောင်းပြန်မရဘဲ စကခ ၁၀ တွင် နာရေး...

ရန်ကုန်၊ ဇန်ဝါရီ ၇ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်နှင့်အတူ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေ ဆုံးသွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့်...

သရက် – မင်းတုန်း လမ်းပိုင်းတွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၆ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် သရက်မြို့နယ်ကို ဆက်သွယ်ထားသော သရက်-မင်းတုန်း လမ်းပိုင်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ခံ ကိုဗဟိန်းက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၅...

ချောင်းဦးမြို့နယ်တွင် စစ်တပ် အမြန်ရေယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရှိသူများပြား

ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်လာသော အကြမ်းဖက် စစ်တပ်၏ အမြန်ရေယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ များပြားခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၆...

ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ထပ်မံ တိုက်ခိုက်မှု စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ ပန်း များနှင့်အတူ လက်နက်ခဲယမ်းအများအပြား ထပ်မံ သိမ်းဆည်းရရှိ၊ စစ်တပ်နေရာ ၂ ခုကိုလည်း သိမ်းပိုက်

ရန်ကုန်၊ ဇန်နဝါရီ ၆ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ထပ်မံ တိုက်ခိုက်ရာ စစ်သား အများအပြား ထိခိုက်သေဆုံးပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း ချင်းတော်လှန်ရေး CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့...

Latest news

- Advertisement -spot_img