23.7 C
Yangon
- Advertisement -spot_img

TAG

PDF

ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိ၊ လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိသည့်အပြင် စစ်ကား ၁၀ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့

ရန်ကုန်၊ ဩဂုတ် ၂၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေ ဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိကာ လက်နက် ၆ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ သိမ်းပိုက်ရရှိကြောင်း DNLA-ဓဝယ်တပ်တော်မှ...

စစ်တပ် သိမ်းပိုက်ရရှိပြီဟု ဝါဒဖြန့် ထားသော ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်

ရန်ကုန်၊ ဩဂုတ် ၂၁ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို စစ်တပ်က သိမ်းပိုက်ရရှိပြီဟု ဝါဒဖြန့် သတင်းထုတ်ပြန်နေသော်လည်း လက်ရှိအချိန်အထိ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင် စီတပ်က လက်နက် ကြီး၊...

ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို တစ်နေ့တည်း ဖမ်းဆီးရရှိ၊ ဖမ်းဆီးရရှိသူများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၁ ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် တစ်ရက်တည်း ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်နှင့် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရသည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း မြန်မာနိုင်ငံသား...

စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်အနက်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဧရိယာများကို ဦးစားပေး တိုက် ခိုက်သိမ်းယူရန် စစ်တပ်က စီမံချက်ဖြင့် လုပ်နေ၊ မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မည်ဟု စစ်တပ်က ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၁ အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဒေသများကို ဦးစားပေး တိုက်ခိုက်သိမ်းယူရန် စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့စတင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လက်လွှတ်ဆုံးရှုံးထားရသော...

UWSA က ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရှမ်း SSPPတို့ကို တွေ့ဆုံပြီး စစ်လက်နက်နှင့် ငွေကြေး အကူအညီမပေးတော့ဟု ပြောဆို၊ “၀” ပြည်နယ်က အလွန်ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၀ "၀" တပ်ဖွဲ့ UWSA က ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရှမ်း SSPPတို့ကို တွေ့ဆုံပြီး စစ်လက်နက်နှင့်ကိရိယာ၊ ငွေကြေးအကူအညီမပေးတော့ဟု သတင်းထုတ်ပြန် ပြောဆိုသည်။ ယနေ့တွင် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် -...

ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်ဆီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွား

ရန်ကုန်၊ ဩဂုတ် ၂၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်ဆီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ...

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ စည်းရုံးသူများကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းက သတိပေး

ရန်ကုန်၊ ဩဂုတ် ၂၀ အကြမ်းဖက်စစ်ကာင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပူးပေါင်းပါဝင်ရန် စည်းရုံးသူ မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ တုံ့ပြန် အရေးယူမည်ဟု သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းမှ ရဲဘော်ကိုချမ်းက ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီမှာ စစ်ရေးအရ အားနည်း၍...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်နှင့် PNO ပြည်သူ့ စစ်များက အဖိုးတန်ပစ္စည်းများကို လုယက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက ကားများဖြင့် သယ်ယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခွန်းရိန်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဩဂုတ်လ ၉ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်၊...

မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို သိမ်းပိုက်ရရှိမှု ခေါင်းဆောင် အပါအဝင် ပျူစောထီးနှင့်မိသားစုဝင် ၁၉၀ ဦး ဖမ်းဆီးရရှိ၊ စစ်သားအလောင်း ၃ လောင်းနှင့် လက်နက် ၂၃ လက်ကို ခဲယမ်းများနှင့်အတူ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၂၀ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ စစ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ရာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ပျူစောထီးနှင့်မိသားစုဝင် ၁၉၀ ဦး ဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊...

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်...

Latest news

- Advertisement -spot_img