26 C
Yangon
- Advertisement -spot_img

TAG

PDF

မိုးကုတ်မြို့တွင်းရှိ စစ်တပ်စခန်းနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မိုးကုတ်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေပြီး လက်နက်ကြီး၊ ဒရုန်းပစ်ခတ်သံများကြားနေရကြောင်း တော်လှန် ရေး စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်စ၍ မိုးကုတ်မြို့အနောက်ပိုင်းရှိ...

ဘီးလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပေါက်နှင့်မြို့နယ် အစပ်ရှိ ရေနံမှော် ဒေသကိုလည်း စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ဘီးလင်းမြို့နယ် အတွင်း...

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သည့် ပါတီဝင် ၂၀ ဦးကို NLD ထုတ်ပယ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မူဝါဒနှင့် ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အကြမ်းဖက် စစ်တပ်၏ အတု အယောင်ရွေးကောက်ပွဲတွင် ပါဝင်အားပေးကူညီနေသည့် ပါတီဝင် ၂၀ ဦးကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ NLD...

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် KIO ဌာနချုပ် လိုင်ဇာကို စစ်တပ်က အသေခံဒရုန်းဖြင့် လေကြောင်း တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ကချင်ပြည်နယ်၊မြစ်ကြီးနားရှိ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို ယနေ့ နံနက်ပိုင်း KIA က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က KIO ဌာနချုပ် လိုင်ဇာကို အသေခံဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့...

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်မှု တစ်ရပ်လုပ်ဆောင်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်ရှိ...

ဝက်လက်၊ ထုံးဘိုရွာရှိ စစ်ရှောင်ပြည်သူများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၍ ရွာလုံးကျွတ် ထွက်ပြေးနေရ၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုလည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ သွားလာခွင့် မပြုလုပ်ရန် အသိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာရှိ စစ်ရှောင်ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ တိုက်ခိုက်၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ...

ရေတာရှည်မြို့နယ်တွင် စစ်တပ်က မဲရုံဆောက်ထားသော ကျေးရွာများနှင့် တပ်စွဲထားသော နေရာများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မဲရုံဆောက်ထားသော ကျေးရွာများနှင့် တပ်စွဲထားသော နေရာများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ ကိုဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ရေတာ...

ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်မည်ဟု ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စစ်တပ်စခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။ ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို သိမ်းပိုက်မည်ဖြစ်သောကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူများအနေဖြင့် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီမှ...

ဘုတလင်မြို့နယ်တွင် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀...

သားဖြစ်သူ အောင်ပြည့်စုံကို လုပ်ပိုင်ခွင့်ချထားပေးသော အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံကို မင်းအောင်လှိုင် သွားရောက်စစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏သားဖြစ်သူ အောင်ပြည့်စုံကို လုပ် ပိုင်ခွင့်ချထားပေးသော အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံကို သွားရောက်စစ်ဆေးပြီး သန်လျင်ရေနံချက်စက်ရုံရာပြည့်အခမ်းအနားနှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ ရန်ကုန်တွင် ရောက်ရှိနေသော မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ ဦးဆောင်ပါဝင်နေသည့် Prime စွမ်းအင်ကုမ္ပဏီက...

Latest news

- Advertisement -spot_img