28.4 C
Yangon
- Advertisement -spot_img

TAG

PDF

ပလမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ပြန်လည်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံး၊ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၆ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၁ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ...

ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်မှ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၆ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ဗျူဟာ ၁၁ ကရင်နီ စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၈...

စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဩဂုတ် ၁၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ...

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ၁၆ ဦးအထိရှိလာ၊ ဖားကန့်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၅ မန္တလေးတိုင်းတွင် TNLA ကသိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းနှင့် အနီးပတ် ဝန်းကျင်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာတွင် သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိရှိလာပြီဖြစ်ကြောင်း မိုးကုတ်မြို့အခြေစိုက် ပရဟိတအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်...

ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦးက သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင် အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ ချီးမြှင့်

ရန်ကုန်၊ ဩဂုတ် ၁၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့ အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက် လာ၍ ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့် ခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDF...

ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီး၊ မုံရွာတွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းတိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း People's Healthcare Network - KALAY အဖွဲ့က ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၁၁ ရက်နေ့ ည ၈...

ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ စစ်တပ်အပေါ် အနုတ်လက္ခဏာ ဝေဖန်မဲဆွယ်မှု မလုပ်ရ ဆိုသော စည်းကမ်းချက် လိုက်နာရန် မင်းအောင်လှိုင်ညွှန်ကြား

ရန်ကုန်၊ ဩဂုတ် ၁၅ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ရှိနေသည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မဲဆွယ်ကြမည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေနှင့် ပဋိပက္ခများအပေါ် အနုတ် လက္ခဏာ ဝေဖန်မဲဆွယ်မှုများ မလုပ်ရန် အပါအဝင် စည်းကမ်းချက်များ လိုက်နာရန် မင်းအောင်လှိုင်က ညွှန်ကြားလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က...

ဓနုဖြူနှင့် ညောင်ဦးမြို့နယ်တို့တွင် အသက် ၁၈ နှစ်ပြည့်တော့မည့် လူငယ်များစာရင်း လိုက်လံကောက်ခံပြီး စစ်မှုထမ်းရန်နှင့် စစ်မှုထမ်း လစဉ်ကြေး ငွေကျပ် ၂ သိန်းအထိ တောင်းခံ၊ တိုင်ကြားသော်လည်း အရေးယူမှုမရှိ

ရန်ကုန်၊ ​ဩဂုတ် ၁၅ ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အသက် ၁၈ နှစ်ပြည့်တော့မည့် လူငယ်များစာရင်းကို စစ်တပ်နှင့်ထွေ/အုပ်များက လိုက်လံကောက်ခံနေပြီး အသက် ၁၈ နှစ်ပြည့်သည်နှင့် စစ်မှုထမ်းရန် အကျုံးဝင်မည်ဟုဆိုကာ ငွေ​ကြေးများ ခြိမ်းခြောက် တောင်းခံနေကြောင်း ဒေသပြည်သူများနှင့် လူငယ်များ၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မုံရွာမြို့ နမခ မှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြားပြီး ၁ ဦး အရှင်ဖမ်းမိ၊ စစ်တပ်၏ ၁၂ ဘီးကား ၁ စီးကိုလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော စစ်ယာဉ်တန်းနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား ၁ ဦးကို အရှင်ဖမ်းမိကာ ၁၂ ဘီးကား ၁ စီးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း...

အလုပ်သမားရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ခြေချုပ်ခံဝန် ပုဒ်များ အပြင် အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေ ပုဒ်မများဖြင့်ပါ ထပ်မံ အမှုဖွင့် တရားစွဲ

ရန်ကုန်၊ ဩဂုတ် ၁၅ အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး ထားသော အလုပ်သမားရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို လုပ်ငန်းရှင်များက အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄၀၊ ၄၁ ဖြင့် ထပ်မံ တရားစွဲဆိုရန် အမှုဖွင့်တိုင်ကြားထားကြောင်း Solidarity...

Latest news

- Advertisement -spot_img