26 C
Yangon
- Advertisement -spot_img

TAG

PDF

စစ်တပ်က ပြန်လည် စတင်မည့် ဧရာ၀တီမြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူများက ပထမဆုံး စတင်ကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ အကြမ်းဖက် စစ်တပ်က ပြန်လည် စတင်မည့် ဧရာ၀တီမြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူများက ဖားကန့်မြို့နယ်တွင် ယနေ့ ပထမဆုံးအကြိမ် စတင်ကန့်ကွက်ကြသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖားကန့်မှော်လှည့်သပိတ်နှင့် ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းကာ တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ပွဲနှင့် တရုတ်အစိုးရနှင့် အကြမ်းဖက် မင်းအောင်လှိုင် ပူးပေါင်း ဆောင်ရွက်မည့် မြစ်ဆုံစီမံကိန်း...

စလင်း၊ ပွင့်ဖြူနှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးအလုံး ၁၀၀ ကျော် ကျဲချမှု ပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် ဘက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က ၅ ရက်ဆက်တိုက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်း ဆီးပြီး တပ်မ ၃၃ တွင် ချုပ်နှောင်ထား၊ မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီး ငွေညှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်မ ၃၃ တွင် ချုပ်နှောင်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ ၂၂...

ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုး ရွားစွာ ဖိနှိပ်ကျူးလွန်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ပဲခူးတိုင်း၊ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ဖိနှိပ်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒိုက်ဦးအကျဉ်းထောင်တွင် စစ်တပ်မှအသွင်ပြောင်းလာသော လက်ရှိ ဒုထောင်မှူး ဟိန်းဇင်အောင် ခေါ် ခြေပြတ်က နိုင်ငံရေးအကျဉ်းသားများအပေါ် မတရား ဖိနှိပ်မှုများ ဦးဆောင်ပြုလုပ်...

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ အ​ကြမ်းဖက်စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ကရင်နီပြည်နယ် ဒီးမော့ဆိုတွင် ကရင်နီပြည်နယ်ရှိတော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ အ​ကြမ်းဖက်စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်‌ရေး လှုပ်ရှားမှုများကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အ​ကြမ်းဖက်စစ်တပ်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လှုပ်ရှားမှုကို ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ရှမ်း-ကယားစစ်တိုင်း တပ်ရင်းအမှတ်(၁၁၀၉)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ်(DMO Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ကယန်းအမျိုးသားတပ်မတော်...

လှည်းကူးမြို့နယ်၊ ကျောက်အိုင်ရွာ ရပ်ကွက်ရုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ပျူစောထီးများ လူစုနေချိန် မိုင်းခွဲမှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျောက်အိုင်ရွာ ရပ်ကွက်ရုံးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ပျူစောထီးများ လူစုနေချိန် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Yangon Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃...

ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်ကြရန် မင်းအောင်လှိုင် မဲဆွယ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်း ကြောင်း အပေါ် လျှောက်လှမ်းသွားကြရန် အကြမ်းဖက် မင်းအောင်လှိုင်က မဲဆွယ်ပြန်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သ လစ်ဘုရားကျောင်းတော်ကြီးတွင် ပြုလုပ်သော ခရစ္စမတ်အခမ်းအနားတွင် မင်းအောင် လှိုင်က ထိုကဲ့သို့ မဲဆွယ်လာခြင်းဖြစ်ပြီး...

ကမ္ဘောဒီးယားတွင် ကျားဖြန့်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော် လူကုန်ကူးလှည့်ဖျားခေါ်ဆောင်ခံရပြီး ပိတ်မိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော်မှာ တရုတ်နိုင်ငံသားများ၏ လူကုန်ကူးလှည့်ဖျားခေါ်ဆောင်မှုကို ခံထားရပြီး လက်ရှိတွင် ပြန်လာခွင့်မရဘဲ ပိတ်မိနေကြောင်း ကျားဖြန့်ဝင်းအတွင်း ကိုယ်တိုင်ပိတ်မိနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မြန်မာနိုင်ငံသား ၂၀၀ ကျော်ခန့်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ Koh Kong...

အောင်လံနှင့် ပေါက်ခေါင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ဂိတ်စခန်း၊ ကင်းပုန်း၊ လောင်းကစားဝိုင်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့် ပဲခူးတိုင်း ပေါက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်စခန်း၊ ကင်းပုန်း၊ လောင်းကစားဝိုင်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်...

ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တစ်ဦးချင်း သီးသန့် တွေ့ဆုံခွင့်ရရန်၊ စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးအတွက်...

Latest news

- Advertisement -spot_img