25.5 C
Yangon
- Advertisement -spot_img

TAG

PDF

ထိုင်းနိုင်ငံ နွန်ထဘူရီရှိ အထပ်သားပြား စက်ရုံတွင် မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားတစ်ဦး စက်ညှပ် သေဆုံးမှု နစ်နာကြေးရရှိရေး ဆောင်ရွက်နေဆဲ

ရန်ကုန်၊ ဩဂုတ် ၁၃ ထိုင်းနိုင်ငံ နွန်ထဘူရီရှိ အထပ်သားပြား စက်ရုံတစ်ခုတွင် မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားတစ်ဦး စက်ညှပ်ကာ သေဆုံးခဲ့ရသည်ကို ဥပဒေအတိုင်း နစ်နာကြေးများ ရရှိသည်အထိကူညီ ဆောင်ရွက်ပေးနေကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့မှ အေအေစီ ကို‌ရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် အသက် ၂၆ နှစ်အရွယ်...

ရခိုင်ပြည်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှု လူ ၂၁ ဦးသေဆုံးပြီး ပြည်သူ ၄ သောင်းကျော် ရေဘေးသင့်၊ အရေးပေါ် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ ဩဂုတ် ၁၃ ရခိုင်ပြည်တွင် ယခင်လများဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားမှု လူ ၂၁ ဦးသေဆုံးပြီး ပြည်သူ ၄ သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ...

ကျောက်မဲမြို့နယ်၊ ပင်ပေါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီး၊ နောင်ချိုမြိုနယ်ကိုလည်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်

ရန်ကုန်၊ ဩဂုတ် ၁၃ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပင်ပေါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၂ နာရီ ၄၃ မိနစ်နှင့် နံနက်...

တောင်ငူတွင် မင်းအောင်လှိုင် အမိန့်ဖြင့် ကေတုမတီနန်းတော်၊ မြို့ရိုးနှင့်ကျူံးကို ပြန်လည် တည်ဆောက်ရန် ဘုန်းကြီးနှင့်သီလရှင်ကျောင်း ၂၀ ကျောင်း၊ ဘုရား ၁ ဆူနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ခု၊ လူနေရပ်ကွက်များကို ဖယ်ရှားခိုင်း

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊တောင်ငူမြို့တွင် မင်းအောင်လှိုင် အမိန့်ဖြင့် ကေတုမတီ ရှေးဟောင်းနန်းတော်၊ မြို့ရိုးနှင့်ကျူံးကို ပြန်လည် တူးဖော် တည်ဆောက်ရန် ဘုန်းကြီး ကျောင်း နှင့်သီလရှင်ကျောင်း ၂၀ ကျောင်း၊ ဘုရား ၁ ဆူနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ခု၊ ရပ်ကွက်များကို စစ်တပ်က...

မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၆ ရက်တာအတွင်း လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် ဗုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၆ ရက်တာအတွင်း လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် ဗုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက...

စစ်တပ်က ရှေ့တန်းတိုက်ပွဲများတွင် စစ်မှုထမ်းတပ်သားသစ်များကို လူသားဒိုင်း အဖြစ် အသုံးပြုနေဟု ခလရ ၆၀ မှ အလင်းဝင် စစ်မှုထမ်းတပ်သား ကျော်မင်းခိုင် ပြော

ရန်ကုန်၊ ဩဂုတ် ၁၃ စစ်ကောင်စီတပ်က ရှေ့တန်းတိုက်ပွဲများတွင်လည်း စစ်မှုထမ်းတပ်သားသစ်များကို လူ သားဒိုင်းကာအဖြစ် အသုံးချနေကြောင်း ကျောက်ကြီးအခြေစိုက် ခလရ ၆၀ မှ အလင်းဝင်စစ်မှုထမ်းတပ်သား ကိုကျော်မင်းခိုင်က ပြောကြား သည်။ စစ်မှုထမ်းတပ်သား ကိုကျော်မင်းခိုင်သည် ဩဂုတ်လ ၁၂ ရက်နေ့ ကျောက်ကြီးမြို့နယ်၊ ခလရ ၆၀ တပ်ရင်း...

တနင်္သာရီနှင့်ပွင့်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၃ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၀...

သဲကုန်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက်တိုက် မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူများကို ဒရုန်းဖြင့် ဗုံးကျဲနေ၊ တော်လှန်ရေးတပ်များကလည်း ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ၂ ရက်ဆက်တိုက် မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူများကိုပါ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၉...

တလုပ်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က မြို့ပေါ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၁၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်​ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၉ ရက်နေ့...

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့မှ စစ်မှုထမ်း တပ်သား ၈ ဦး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၁၃ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့တွင် တာဝန်ကျ နေသော စစ်မှုထမ်းတပ်သား ၈ ဦး အလင်းအလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း - P23702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က...

Latest news

- Advertisement -spot_img