33.1 C
Yangon
- Advertisement -spot_img

TAG

PDF

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပေါ်က တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီ က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဘုရားရုပ်ပွားတော်တွေ နဲ့ အဆောက်အအုံတွေ ပျက်ဆီးသွားတယ်လို့ MNDAA က...

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နေလို့ မြန်မာတစ်နိုင်ငံလုံး မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၄ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နေသဖြင့် မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့မြန်မာစံတော်ချိန် ၃ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော...

အင်ဒိုနီးရှားနိုင်ငံတွင် တော်လှန်ရေးအုပ်စုမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပနေပြီး အာဆီယံ ၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂမှ သံတမန်များ တက်ရောက်နေ

မြန်မာ့အရေး အစည်းအဝေးမှာ လျှို့ဝှက်ဖြစ်ပြီး သတင်းထုတ်ပြန်မှုနှင့် ဓာတ်ပုံရိုက်ခွင့်မရှိ ရန်ကုန်၊ အောက်တိုဘာ ၄ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် တော်လှန်ရေးအုပ်စုမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲကျင်းပနေပြီး အင်ဒိုနီးရှား၊ အာဆီယံ ၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂမှ သံတမန်နှင့်ကိုယ်စားလှယ်များ တက်ရောက်နေကြောင်း AFP က သတင်းဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ...

မင်းလှမြို့တွင် ဆိုက်ကားနင်းသူ အသက် ၆၀ အရွယ် ဦးသန်းအောင်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၄ ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဆိုက်ကားနင်းသူ အသက် ၆၀ အရွယ် ဦးသန်းအောင်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်၍ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မင်းလှမြို့၊...

ပေါက်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီး ၁ တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၄ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက်ခဲ့ပြီး ချိတ်ဆက်အလင်းဝင်ခြင်းမရှိဘဲ ကျေးရွာ အပြင်ဘက်သို့ ထွက်လာပါက ပစ်ခတ် မည် ဖြစ်ကြောင်း မြိုင်ပကဖက ထုတ်ပြန်ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၄ ရက်နံနက် ၆ နာရီအချိန်တွင်...

ကမ္ဘောဇ အောင်ကိုဝင်း ပိုင်ဆိုင်သော Brighter Energy Retail ကုမ္ပဏီက စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်းများအတွက် စက်သုံးဆီ လီတာ ၉ သိန်းနီးပါး တင်သွင်းပေး

ရန်ကုန်၊ အောက်တိုဘာ ၄ ပြည်တွင်းတွင် စစ်တပ် ဒေါက်တိုင်တစ်ခုဖြစ်သော ကမ္ဘောဇအုပ်စုမှ အောင်ကိုဝင်း ပိုင်ဆိုင်သော Brighter Energy Retail ကုမ္ပဏီက စစ်ကောင်စီ၏ ထောက်ပို့တပ်များအတွက် စက်သုံးဆီ လီတာ ၉ သိန်းနီးပါး တင်သွင်းပေးထားကြောင်း သိရှိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် Brighter Energy...

ပုလောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုံခြုံရေးပေးနေသော စစ်စခန်း ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၄ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုံခြုံရေးပေးနေသော အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့...

ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်းစုဆောင်းနေသော ဆင်ခေါင်းကျေးရွာ ရာအိမ်မှူး တင်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး ၊ ငါန်းဇွန်တွင်လည်း ကြံ့ဖွတ်ပါတီဝင် ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၄ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဆင်ခေါင်းအုပ်စု ကြံ့သေကျေးရွာနေ ရာအိမ်မှူးတင်ဆန်းသည် အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစု ဆောင်းရာတွင် အားတက်သရော လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အောက်တိုဘာလ ၂ ရက်နေ့...

လာရှိုးရှိ တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ဟု MNDAA က ပြောဆိုလိုက်ပြီး ဘုရားရုပ်ပွားတော်များနှင့် အဆောက်အအုံများ ပျက်စီးဟု ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့ရှိ တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား၍ ဗုံးကျဲ တိုက်ခိုက်သဖြင့် ဘုရားရုပ်ပွားတော်များနှင့် အဆောက်အအုံများ ပျက်စီးကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ၏ လေယာဉ်များက...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ကောင်စီက ပို့ကုန်ရငွေ တင်ပြနိုင်မှသာ သွင်းကုန်တင်သွင်းရမယ်ဆိုပြီး မူဝါဒ သတ်မှတ်ထားပေမယ့် မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်တွေကို လာဘ်ထိုးထားတဲ့သူတွေက ပို့ကုန်ရငွေ ပြစရာမလိုဘဲ သွင်းကုန်တင်သွင်းခွင့်ရနေပြီး ၊ အဲဒီထဲမှာ...

Latest news

- Advertisement -spot_img