26.3 C
Yangon
- Advertisement -spot_img

TAG

PDF

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ သေဆုံးမှု မြင့်တက်လာဟု သတိပေး

ရန်ကုန်၊ ဩဂုတ် ၇ မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျ ငြင်းပယ်ခံရခြင်းကြောင့် နိုင်ငံရေးအကျဉ်း သား၊ အကျဉ်းသူများ သေဆုံးမှု မြင့်တက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့ပေါင်း ၁၅ ခုက ယနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်...

ဝေါလေ ဗျူဟာကုန်းနှင့်ထီသဲလယ်စခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်သား ၂၀ ဦး ဝေါလေစခန်းမှ ထွက်ပြေးလာပြီး ပြည်သူ ၂၀၀ နီးပါးလည်း ထိုင်းဘက်သို့ တိမ်းရှောင်

ရန်ကုန်၊ ဩဂုတ် ၇ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေ ဗျူဟာကုန်းနှင့်ထီသဲလယ်စခန်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် စစ်တပ်၏ YAK -130 လေယာဉ်က ဗုံးအလုံး...

ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စစ်ဆေးရေးဂိတ်များနှင့်ယာဉ်လိုင်းများတွင် PSMS စနစ်ဖြင့် တော်လှန်ရေးဆက်နွယ်သူများကို စစ်ဆေးဖမ်းဆီးရန် ထွေ/အုပ်က ညွှန်ကြား

ရန်ကုန်၊ ဩဂုတ် ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့်ပတ်သက်သူများကို PSMS စနစ်ဖြင့် စစ်ဆေးဖမ်းဆီးရန် စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးက ညွှန်ကြားထားကြောင်း ဒေသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဩဂုတ်လ ၄ ရက်နေ့စွဲဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံး၏ ညွှန်ကြား ချက် တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် People...

ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၇ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကံကြီးကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ယောအ လင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၇ ရက်နေ့...

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာသို့ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အသက် ၁ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၇ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ပုခက်ထဲတွင် အိပ်ပျော်နေသည့် ၁ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၅ ရက်နေ့ ည ၁၀ နာရီခန့်အချိန်...

ဆားလင်းကြီးမြို့တွင် ၈၈၈၈ ရှစ်လေးလုံး အထိမ်းအမှတ် umbrella Strike ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၇ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်​ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး umbrella Strike ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထီးကမ်ပိန်းနှင့် "မပြီးဆုံးသေးသည့် ရှစ်လေးလုံး...

သံတောင်ကြီးတွင် တောင်ကျချောင်းရေစီးဆင်းမှုနှင့် မြေပြိုမှုများတွင် အသက်ဆုံးရှုံးရသူ ပြည်သူ ၁၁ ဦးအထိ ရှိလာပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေဆဲ

ရန်ကုန်၊ ဩဂုတ် ၇ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ကျချောင်းရေစီးဆင်းမှုနှင့် မြေပြိုမှုများတွင် အသက်ဆုံးရှုံးရသူ ပြည်သူ ၁၁ ဦးအထိ ရှိလာပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသပြည်သူများနှင့် ပရဟိတကယ်ဆယ်ရေးသမားတချို့က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းအထိ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ...

ငါန်းဇွန်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားဟုဆို

ရန်ကုန်၊ ဩဂုတ် ၇ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ...

ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေပြီလို့ စစ်တပ်က သတင်းထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၇ ယာယီသမ္မတ မြင့်ဆွေ ဒီနေ့တော့ တကယ်သေသွားပြီလို့ စစ်တပ်က တရားဝင် သတင်းထုတ်ပြန်လာပါတယ်။ ဒီနေ့ မနက် ၈ နာရီ ၂၈ မိနစ်အချိန် အမှတ် ၂ စစ်ဆေးရုံမှာ သေဆုံးပြီး အသုဘကိုတော့ နိုင်ငံတော်ဈာပနလုပ်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မနေ့ကတော့ မြင့်ဆွေ...

မြန်မာအကြမ်းဖက်စစ်တပ်က အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် DCI Group ကို ၁ နှစ်လျှင် ဒေါ်လာ ၃ သန်းဖြင့် စာချုပ်ချုပ်ဆို ငှားရမ်း

ရန်ကုန်၊ ဩဂုတ် ၇ မြန်မာအကြမ်းဖက်စစ်တပ်က အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် DCI Group ကို ၁ နှစ်လျှင် ဒေါ်လာ ၃ သန်းဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းလိုက်ကြောင်း အမေရိကန်အခြေစိုက် ပြည်သူ့ဆက်ဆံရေး နှင့် PR ကုမ္ပဏီ သတင်းများကို အစဉ်တစိုက်...

Latest news

- Advertisement -spot_img