27.7 C
Yangon
- Advertisement -spot_img

TAG

PDF

ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာ​သော စစ်သင်္ဘော ၉ စင်းက မြစ်ကမ်းဘေးကျေးရွာများကို ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာ​သော စစ်သင်္ဘော ၉ စင်းက မြစ်ကမ်းဘေးကျေးရွာများကို ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊တောင်ဖြူရွာနှင့် ပန်းဆက်ရွာ...

ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကုန်သည်စက်မှုအသင်း၊ စက်မှုဇုန်ကော်မတီများနှင့် လုပ်ငန်းရှင်များ မဖြစ်မနေ ပါဝင်ထောက် ပံ့လှူဒါန်းကြရန် စစ်ကောင်စီက အမိန့်ပေးညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၈ အကြမ်းဖက်စစ်ကောင်စီက မြို့နယ်ပေါင်း ၆၀ နီးပါးတွင် ဖြစ်ပွားသော ရေ ဘေး ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် ကုန် သည် စက်မှုအသင်း၊ စက်မှုဇုန်ကော်မတီများနှင့် လုပ်ငန်းရှင်များ မဖြစ်မနေ ပါဝင်ထောက် ပံ့လှူဒါန်းကြရန် အမိန့်ပေး ညွှန်ကြားလာကြောင်း UMFCCI မှ အဖွဲ့ဝင်...

ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင် မယား ၂ ဦးနှင့် ကလေး ၃ ဦး ရေထဲမျောပါမှု အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည် ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၈ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင်မယား ၂ ဦးနှင့် ကလေး ၃ ဦး စုစုပေါင်း ၅ ဦး ရေထဲမျောပါသွားခဲ့ရာမှ အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည်...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်ကနေ ဆုတ်ခွာလာတဲ့ ဗိုလ်မှူး စန်းယု ဦးစီးတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦး သေပြီး လက်နက် ၂၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်တပ် ဗိုလ်သင်တန်းကျောင်းကို ၄၀ မမ ဗုံးပစ်အမြှောက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မန္တလေးတွင်လည်း ယမန်နေ့ညပိုင်း ပေါက် ကွဲ သံနှင့်သေနတ်သံတချို့ ထွက်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗိုလ်သင်တန်း ကျောင်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ည ၇ နာရီ...

ဖားကန့်မြိုအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မီးများလောင်ကျွမ်း

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အနီးတွင် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မီးများလောင်ကျွမ်းခဲ့ကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့...

ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက သွားရောက်တွေ့ ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများ ရှင်းပြ

ရန်ကုန်၊ စက်တင်ဘာ ၁၈ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများ ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၇၉...

စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများ ရှေ့တန်းမထွက်ရရေး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးရ၊ ငွေမပေးနိုင်သော စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ရှေ့တန်းအပို့ခံရပြီး သေဆုံးမှုနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ အကြမ်းဖက်စစ်ကောင်စီ၏ လက်ရုံးတပ်တစ်ခုဖြစ်သော စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများက ရှေ့တန်းမထွက်ရရေး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးနေရပြီး မပေးနိုင်သူများ ရှေ့တန်းအပို့ခံရပြီး သေဆုံးနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်အင်ဂျင်နီယာတပ်ဖွဲ့ တွင် ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ်ဇော်နိုင်ဦးကလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ်...

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသော စစ်သားများနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသော စစ်သားများနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား ရန်ကုန်၊ စက်တင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းကို စစ်ကြောင်းထိုး တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ရာ...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပဲခူးတိုင်းက အုတ်ဖိုမြိုနယ်မှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို ထွက်လာတဲ့ အေးမြသာယာ ရဲစခန်းက ရဲတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း စခန်းမှုး ရဲအုပ် ဇော်ဝင်းအပါအဝင် ၂ ဦးကတော့...

Latest news

- Advertisement -spot_img