25.6 C
Yangon
- Advertisement -spot_img

TAG

PDF

စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်သူ၊ စည်းရုံးသူနှင့် သတင်းဖြန့်ချိရာတွင် ရည်ရွယ် ချက်ရှိရှိ ပါဝင်သူများကို မှတ်တမ်းယူ အရေးယူရန် NUG ဝန်ကြီးချုပ် ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာလ ၁၂ စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်သူ၊ စည်းရုံးသူများနှင့် သတင်းဖြန့်ချိရာတွင် ရည် ရွယ်ချက်ရှိရှိ ပါဝင်သူများကို မှတ်တမ်းယူပြီး စနစ်တကျ အရေးယူနိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက...

ငါးဖမ်းသမားအဖြစ် အသွင်ယူပြီး AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များ လုယူသွား၊ AA က ငါးခိုးဖမ်းသူများကို ထိထိရောက်ရောက် အရေးယူတော့မည်ဟု သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရခိုင်ပြည်ရေပြင်တွင် ငါးဖမ်းသမားများက အာရက္ခတပ်တော် AA မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင် ၁ ဦးတို့ကို သတ်ဖြတ်ကာ လက်နက်များကိုပါ လုယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားကြောင်း AAက သတင်းထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် ၅...

ကျောက်တော်မြို့ ၊ ပညာပန်းခင်း ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူများ အပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူ အရေအတွက် တိုးလာနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရခိုင်ပြည်၊ ကျောက်တော်မြို့ ၊ ပညာပန်းခင်း ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကျောင်းသားကျောင်းသူများအပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁...

မင်းအောင်လှိုင်ထံတွင် ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းလိုက်နာမည်ဆိုသော ကတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၂ မင်းအောင်လှိုင်ထံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းလိုက်နာမည်ဆိုသော ကတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း အမိန့်ထုတ်ပြန်သည်။ ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် အပေါ် ပြစ်မှုထင်ရှားစီရင်ထားသော ပြစ်မှုနှင့်...

စစ်တပ်က ပျူစောထီး၊ ပြည်သူ့စစ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်များနှင့်ညှိနှိုင်းတိုင်ပင် ရန်ပုံငွေရှာ ရပ်တည်ခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၁၂ အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူ့စစ်များ၊ ပျူစောထီးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေး ပုံမှန်မပေးနိုင်တော့သဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်များနှင့်ညှိနှိုင်းတိုင်ပင်ပြီး အဆင်ပြေသည့် နည်းလမ်းများဖြင့် ရန်ပုံငွေရှာရပ်တည်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်၊ ပျူစောထီးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ရိက္ခာနှင့် ရံဖန်ရံခါ ထောက်ပံ့ကြေးတချို့သာ...

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်သူ၊ အားပေးအားမြှောက်ပြုသူများကို အရေးယူမည်ဟု KNU တပ်မဟာ ၃ က ကြေညာ

ရွေးကောက်ပွဲမှာ ပြည်သူကို ငရဲတွင်းသို့ ပိုရန်ဖြစ်ပြီး စစ်တပ်ကို တရားဝင်လူသတ်လိုင်စင် ပေးရန်ဖြစ်ဟု သတိပေး ရန်ကုန်၊ စက်တင်ဘာ ၁၁ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်သူ၊ အားပေးအားမြှောက်ပြုသူများကို အရေးယူမည်ဖြစ်ကြောင်း KNU တပ်မဟာ ၃ က ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နှင့်ပူချွန်မြို့တို့တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နှင့်ပူချွန်မြို့တို့တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Setapak Kl လူနေအိမ်ရပ်ကွက်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးနှင့်ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်...

ပုလောတွင် KNU သိမ်းပိုက်ထားသော ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေး

ရန်ကုန်၊ စက်တင်ဘာ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ တပ်စခန်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထမင်းမစားရွာရှိ တပ်စခန်းကို...

မတ္တရာမြို့နယ်၊ ရှာစေးချက်လေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၁ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှာစေးချက်လေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ...

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အလောင်း ၄ ခုနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၇ ဦး ဖမ်းမိပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်များ ပါဝင်

ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်သုံ့ပန်း ၁ ဦး၊ စစ်သားအလောင်း ၃ လောင်း၊ လက်နက် ၁၀ နှင့်ခဲယမ်းများ ရရှိ ရန်ကုန်၊ စက်တင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အလောင်း ၄...

Latest news

- Advertisement -spot_img