27 C
Yangon
- Advertisement -spot_img

TAG

PDF

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ထိန်းသိမ်းဆောင်ရွက်ရန် ရဲတပ်ဖွဲ့၏ တာဝန်ဟု မင်းအောင်လှိုင်က ပြောဆိုပြီးနောက် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြောင်းလဲ တာဝန်ပေး

စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲလုပ်မှု ၄ ကြိမ်မြောက်ရှိလာ ရန်ကုန်၊ ဇန်နဝါရီ ၂၈ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ထိန်းသိမ်းဆောင်ရွက်ရန် ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုပြီးနောက် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြောင်းလဲ တာဝန်ပေးလိုက်သည်ဟု သိရှိရသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်...

ရေတာရှည်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော ကျွဲရိုင်းပြင် တံတားနှင့် ကျွန်းတောကုန်းရွာ စာသင်ကျောင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကျွဲရိုင်းပြင် တံတားနှင့် ကျွန်းတောကုန်းရွာ စာသင်ကျောင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နေပြည်တော်တိုင်း စစ်ဌာနဗျူဟာ ၁၉ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း URBAN SPECIAL OPERATION (U.S.O) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၅...

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၅...

ရွှေဘို၊ ကောလင်းနှင့် တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငါးပိအိုးကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ် ယာယီရပ်နား

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကမ္ဘာ့ရွှေစျေးထိုးတက်နေမှုကြောင့် မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ လတ်တလော ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ...

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကင်းပုန်းဝပ်နေသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ အုတ်တွင်းမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းတွင်လည်း ဗုံးကွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အုတ်တွင်းမြို့နယ်ရှိ ညောင်ခြေထောက်ရဲစခန်းတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတွင်...

မြင်းခြံမြို့နယ်တွင် စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီး၊ စစ်ကိုင်းတွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များမီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်း ဖက်...

ဖားကန့်မြို့တွင် ယမန်နေ့ ရွေးကောက်ပွဲပြုလုပ်နေစဉ် အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်နေရာအများစုတွင် ရွေးကောက်ပွဲပျက်ပြယ်၊ ပြည်သူ ၉ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေစဉ် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပြီး ပြည်သူ ၉ ဦး ဒဏ်ရာရရှိကာ ရွေးကောက်ပွဲလည်း ပျက်ပြယ်သွားကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖားကန့်မြို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က အတုအ...

နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာမှ သားအဖ ၂ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

ရန်ကုန်၊ ဇန်နဝါရီ ၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာနေ သားအဖ ၂ ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ထားခဲ့ကြောင်း နတ် မောက်မြို့နယ်ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်...

Latest news

- Advertisement -spot_img