war crime Archives - Khit Thit Media

ကရင်နီပြည်နယ်ရှိ သမိုင်းဝင်ကက်သလစ်ဘုရားကျောင်းဝင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အမေရိကန်အစိုးရအနေဖြင့် စစ်ရာဇဝတ်မှုအဖြစ်ဟု တရားဝင်သတ်မှတ်ရန် BRI တောင်းဆို
ရန်ကုန်၊ မေ ၂၀

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သမိုင်းဝင် ကက်သလစ်ဘုရားကျောင်းဝင်းတစ်ခုကို မြန်မာစစ် တပ်က မီးရှို့ဖျက် ဆီးခဲ့သည့်အပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity and War Crimes) အဖြစ် တရားဝင် သတ်မှတ်ပေးရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ထံသို့ မြန်မာ့အရေးသုတေသနအဖွဲ့ (Burma Research Institute – BRI) က အရေးပေါ် တောင်းဆိုလိုက်သည်။

မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင် စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ ၁၀၂ နှင့် ခလရ ၄၂၇ မှ စစ်ကောင်စီစစ်သားများ သည် ဒီးမော့ဆိုမြို့နယ်၊ ဒေါင်းငံခါကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ကာ သီလရှင်ကျောင်းဆောင် ၃ ဆောင်နှင့် သစ်သားကုန်လှောင်ရုံ ၁ လုံးတို့ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်ပျက်စီးသွားသည့် အဆောက်အအုံများမှာ ကရင်နီပြည် ကက်သလစ်သာသနာပြုနယ်မြေအောက်ရှိ ဒေါင်းငံခါကျေးရွာ၏ သမိုင်းဝင် ခရစ်ယာန်ဘာသာရေးအဆောက်အအုံများ ဖြစ်ကြသည်။

BRI အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Zo Tum Hmung က ယခုကဲ့သို့ ဘာသာရေးအဆောက်အအုံကို တိုက်ခိုက်ခြင်းသည် မတော်တဆဖြစ်ရပ်မျိုး မဟုတ်ဘဲ စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည့် ဘာသာရေးညှင်းပန်းနှိပ်စက်မှုဖြစ်ကာ နိုင်ငံတကာက ချက်ချင်းအရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ့အရေးသုတေသနအဖွဲ့ (BRI)က ၂၀၂၆ ခုနှစ် မတ်လအတွင်းက အခြားသော ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း များနှင့်ပူးပေါင်းကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ထံ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာပါ အကြံပြုချက်များအတိုင်း သမ္မတ ထရမ့် အစိုးရအဖွဲ့အနေဖြင့် ချက်ချင်း အကောင် အထည်ဖော်ရန် တိုက်တွန်းထားသည်။

ယင်းတောင်းဆိုချက်တွင် မြန်မာစစ်တပ် (တပ်မတော်) က ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ” ဖြစ်ကြောင်း အမေရိကန်အစိုးရက တရားဝင် သတ်မှတ်ကြေညာပေးရန် ပါဝင်သည်။

မြန်မာ့အရေးသုတေသနအဖွဲ့ (Burma Research Institute – BRI) သည် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် အခြေစိုက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိကထား လှုပ်ရှားနေသည့်အပြင် အမေရိကန်ရောက် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းများကိုလည်း ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

The post ကရင်နီပြည်နယ်ရှိ သမိုင်းဝင်ကက်သလစ်ဘုရားကျောင်းဝင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အမေရိကန်အစိုးရအနေဖြင့် စစ်ရာဇဝတ်မှုအဖြစ်ဟု တရားဝင်သတ်မှတ်ရန် BRI တောင်းဆို appeared first on Khit Thit Media.