ရန်ကုန်၊ ဇန်နဝါရီ ၂၂
ရန်ကုန်၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ယာဉ်ထိန်းရဲကင်းအတွင်း ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် ၂ ကြိမ်ဆင့် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ၁ ခုက ၂ ကြိမ်ဆက် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြေင်း သိရှိရသည်။
ပေါက်ကွဲမှုအရှိန်ကြောင့် CCTV Control Box ပျက်စီးခဲ့ကြောင်း၊ လူနာတင်ကား ၁ စီး ရောက်လာကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
ဓါတ်ပုံ – အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ယာဉ်ထိန်းရဲကင်း (ပုံအဟောင်းဖြစ်သည်)