34 C
Yangon

မကွေးတိုင်းအတွင်းရှိ PDF စိုးမိုးနယ်မြေများနှင့်ကျေးရွာများကို  နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း ၅ ခုဖြင့် လူထုကို စည်းရုံးမည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သွင်ကိုကိုပြော၊ လုံခြုံရေးအင်အားနည်းနေကြောင်း ဝန်ခံထား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

မကွေးတိုင်းအတွင်းရှိ PDF စိုးမိုးနယ်မြေများနှင့်ကျေးရွာများကို  နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းကြီး ၅ ခုဖြင့် လူထုကို စည်းရုံးမည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သွင်ကိုကိုက ပြောဆိုသည်။ 

ဇန်နဝါရီလ ၁၉ ရက်နေ့ PDF စိုးမိုးနယ်မြေများကို ဝင်ရောက်စည်းရုံးရေး မကွေးတိုင်းဒေသကြီးအစိုးရ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နှင့်ရေစကြိုမြို့နယ်တို့တွင် 

ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ စစ်ကြောင်း ၅ ကြောင်းဖြင့် ပြည် သူလူထုကို စည်းရုံးမည်ဖြစ်ကြောင်း သိရှိရသည်။ 

မကွေးတိုင်းတွင် PDF အင်အား များပြားလာပြီး စစ်တပ် တပ်မ ၁၀၁ က လုံခြုံရေး အရ ဝင်ရောက် နေရာယူထားသော်လည်း PDF များက ထိပ်တိုက် မတွေ့ကြောင်း၊ ထို့ကြောင့် အင်အား ခန့်မှန်းရခက်ကြောင်း၊ PDF စိုးမိုးနေရာများနှင့် ရေနံမြေများအတွက် လုံခြုံရေးယူထားရ၍ စည်းရုံးရေး ခရီးစဉ်များကို လုံခြုံရေး အနည်းငယ်ဖြင့်သာ ဆောင်ရွက်ပေးနိုင်ကြောင်း အစည်းအဝေးတွင် ဆွေး နွေးကြကြောင်း သိရှိရသည်။https://www.youtube.com/watch?v=VjECD0SPO_g&feature=youtu.be

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article