36 C
Yangon

နယ်စပ်တွင် တိုက်ပွဲများ ရပ်တန့်ရန် တရုတ်နိုင်ငံက ဖိအားပေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းအားလုံးနှင့်အတူ လက်တွဲမည်ဟု KIO ထုတ်ပြန်၊ မြန်မာနိုင်ငံအခြေအနေ အလုံးစုံပျက်သုန်းရေး ဦးတည်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံက နယ်စပ်ဒေသများတွင် တိုက်ပွဲများ ရပ်တန့်ရန် ဖိအားပေးနေပြီး KIO အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းများအားလုံးနှင့်အတူ လက်တွဲသွားမည်ဖြစ်ကြောင်း KIO က ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော KIO ၏ကြေညာချက်တွင် အချက် ၇ ချက်ပါဝင်ပြီး အဓိက အချက်များအနေဖြင့် ၃ ချက်ပါဝင်သည်။ 

လက်ရှိတွင် တရုတ်နိုင်ငံက နယ်စပ်ဒေသမှ တိုက်ပွဲများ ရပ်တန့်ရန် ဖိအားပေးနေကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ အခြေအနေသည် အလုံးစုံ ပျက်သုန်းရေး ဦးတည်နေကြောင်း၊ KIO အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး အဖွဲ့အစည်းအားလုံးနှင့်အတူ ချီတက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပြည်သူလူထုတို့၏ နွေဦးတော်လှန်ရေး အရှိန်အဟုန် မြှင့်တင်လာသည်မှာ ၁ နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားများကို တန်ဖိုးထားရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် အရပ်ဖက်လူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု မပြုလုပ်ရေး၊ ပဋိပက္ခဒဏ်ခံစားနေရသော လူထုကို အကာကွယ်ပေးရေး၊ အစားအစာလုံခြုံမှု၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ကိစ္စရပ်များကို နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန်လည်း KIO က တိုက်တွန်းထားသည်။

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်နှင့် ၁၃ ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလတွင် ကျင်းပမည်ဖြစ်သောကြောင့် တရုတ်နိုင်ငံက နယ်စပ်ဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပွဲများရပ်တန့်ထားရန် တိုက်တွန်းချက်များရှိသောကြောင့် ဒေသတည်ငြိမ်ရေး အလေးထားစဉ်းစားရမည်ဟု KIO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article