25 C
Yangon

အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်၊ အများအပြား သေဆုံးထိခိုက်နိုင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား အစီး ၃၀ ပါ ထောက်ပို့ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၄ နာရီခန့်တွင် ၃ ကြိမ် မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုများကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က အင်းတော်-မဲဇာကြားတွင် ၁ ကြိမ်၊ အင်းတော်-မော်လူးကြားတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ကာ ကျည်ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို ကားများဖြင့် ပြန်လည်တင်ဆောင်သွားကြောင်း အင်းတော်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အင်းတော်တော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

ဓါတ်ပုံ – အင်းတော် PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article