25 C
Yangon

ရန်ကုန်လှိုင်မြို့နယ်ရှိ မြို့နယ်တရားရုံးနှင့်မြန်မာ့စီးပွားရေးဘဏ်၊ အင်းစိန် ထောင်၊ မြောက်ဒဂုံ လျှပ်စစ်ရုံး၊ လှိုင်သာယာရွှေလင်ဗန်း လျှပ်စစ်ရုံး၊ စက်မှုဇုန် လျှပ်စစ်ရုံး ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ လှိုင်မြို့နယ်တရားရုံး၊ အင်းစိန်ထောင်၊ မြောက်ဒဂုံ လျှပ်စစ်ရုံး၊ လှိုင်သာယာရွှေလင်ဗန်း လျှပ်စစ်ရုံး၊ စက်မှုဇုန် လျှပ်စစ်ရုံးများတွင် ဗုံးများပေါက်ကွဲ ယနေ့ ဗုံးများပေါက်ကွဲကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ရန်ကုန်တွင် GOD အဖွဲ့နှင့် မဟာမိတ် Free Tiger Ranger၊ SRF၊ Black Eagle တို့က ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ၊ ည ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် လှိုင်သာယာ၊ ရွှေလင်ဗန်းလျှပ်စစ်ရုံး၊ စက်မူဇုန်လျှပ်စစ်ရုံးကို အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယခုဖောက်ခွဲမှုသည် လှိုင်သာယာမြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများကို နောက်ဆုံးအကြိမ် သတိပေးမှုဖြစ်ကြောင်း ထုတ်ပြန်သည်။

အလားတူ Justice Bringer Force က လှိုင်မြို့နယ်၊ ရဲစခန်းရှေ့ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်၊ လှိုင်မြို့နယ်ရှိ တရားရုံး၊ အင်းစိန်ရှိ အကျဉ်းဦးစီးဌာ ဝန်ထမ်းအိမ်ရာ၊ မြောက်ဒဂုံမြို့နယ် ကုန်ပဒေသာ မှတ်တိုင်အနီးရှိ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ဒုက္ခပေးလျက်ရှိသော အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော လှိုင်မြို့နယ် တရားရုံး။ (ပုံအဟောင်းဖြစ်သည်) 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article