25 C
Yangon

မြိုင် မြို့ခင်းသာရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မီးဝင်ရှို့ နေအိမ် ၄လုံး၊ ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၄လုံးနှင့် ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီးခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး (MVRF) ထံမှ သိရသည်။

” စစ်ခွေးတွေက လက်နက်ကြီး ၇လုံးလောက် ရွာထဲကို အရင်ပစ်ထည့်ပြီးမှ ဝင်လာတာ လက်နက်ကြီးကျည်ကျတဲ့ နေအိမ်တွေလည်းရှိတယ်။ လက်နက်ကြီးကျပြီးမီးလောင်တဲ့ အိမ်တွေလည်းရှိတယ်။ စစ်ခွေးတွေကလည်း မီးဝင်ရှို့သွားတယ်။ အားလုံးပေါင်း အိမ် ၄လုံးနဲ့ ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် လူနေအိမ်ပေါ်ကျရောက်ကာ နေအိမ်တစ်လုံး မီးလောင် ပျက်စီးပြီး ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်တစ်လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခြင်းကြောင့် တခြား နေအိမ်တစ်လုံးပါ မီးလောင်ပျက်စီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၄ လုံးနှင့် ဆိုင်ကယ် ၄စီးကို မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article