ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရွာစိုးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးလောင် ပျက်စီးခဲ့ကာ ကိုမောင်ညိုနှင့် ကိုငနွား တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ ကျေးရွာ အနီးတွင် ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စစ်တပ်က ရွာကိုဖျက်ဆီးရာတွင် လယ်ထွန်စက်ကြီးများကို မီးတင်ရှို့သွားပြီး တစ်ရွာလုံး ပြာကျလျက်ရှိသည်ကို မြင်တွေ့ရသည်။