33 C
Yangon

ကျိုက်ထိုနှင့်သာယာဝတီမြို့နယ်တွင် ဗုံးများဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် ယနေ့နံနက်အစောပိုင်း ဗုံများဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိကြောင်း ဒေသ ခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီမှစတင်ပြီး ဗုံးပေါက်ကွဲသံများ ကြားရကြောင်း၊ ဗုံးပေါက်ကွဲမှုကို စစ်သားများက လာရောက်စစ်ဆေးစဉ် ထပ်မံ ပေါက် ကွဲသွားကြောင်း ၊ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“ဗုံးကွဲသံကတော်တော်ကျယ်တယ်။ သာယာဝတီဈေးခေါင်းရုံးဘက်မှာ ပေါက် ကွဲတာလို့‌ကြားတယ်။ စစ်ခွေးတွေရောက်လာတော့ ဆက်တိုက်ထပ်‌ပေါက်တယ်ပြောတယ်။ ‌အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေများတယ်လို့လည်းကြားရတယ်။ အခုကြားတာက ရဲခွေးတစ်ကောင်သေတယ်။ တစ်ကောင် အောက်ပိုင်းထိတယ်” ဟု ‌ဒေသခံတစ်ဦးကပြောသည်။

သာယာ၀တီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ဖောက်ခွဲတာတော့မဟုတ်ဘူး။ အခြား UG အဖွဲ့ကလုပ်တယ်လို့ထင်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒီလထဲမှာပဲ လျှပ်စစ်ရုံးနဲ့ မော်တော်ပီကယ်ရဲကင်းတွေမှာ ပေါက်ကွဲတာတွေရှိတယ်။ သတင်းထုတ်ပြန်တာတွေလည်းမရှိတော့ ဘယ်အဖွဲ့ကလုပ်‌နေတယ်ဆိုတာတော့မသိရဘူး”ဟု ပြောသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီကျော် အချိန် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် အ.ထ.က (၁) အရှေ့ ဘူတာလမ်းထိပ်ရှိ အကောက်ခွန်ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးကြောင်း၊ အခြားနေရာများတွင် ဗုံးပေါက်ကွဲမှုများ ရှိသည်ဟု သိရှိရကြောင်း Kyaikhto Revolution and Information Networkက ပြောသည်။

“အခုထိတော့ အစစ်အဆေးတွေရှိ နေတုန်းပဲ”ဟု Kyaikhto Revolution and Information Networkမှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ကျိုက်ထို အကောက်ခွန်ရုံးတွင် ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးမှုများ မြင်ရစဉ်။

Photo-kyaikhto Revolution and Information Network

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article