38 C
Yangon

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းအဖြစ် ”My Head Is Bloody But Unbowed” (ငါ၏ဦးခေါင်းသည် သွေးချင်းချင်း ဖြင့် နီမြန်းလင့်ကစား ငါကားဦးမညွတ်) စစ်ကြောင်း ချီတက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ တောင်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့စုပေါင်း၍ ”My Head Is Bloody But Unbowed” (ငါ၏ဦးခေါင်းသည် သွေးချင်းချင်းဖြင့် နီမြန်းလင့်ကစား ငါကားဦးမညွတ်) ဟူသော စာတန်းပါဘန်နာကိုကိုင်ဆောင်ကာ ဇန်နဝါရီလ ၃၁ ရက်၊ ညနေပိုင်းအချိန်၌ ရန်ကုန်မြို့တနေရာတွင် စစ်အာဏာရှင်တိုက်ဖျက်လှုပ်ရှားမှုတရပ် ပြုလုပ်ကြသည်။

“ဒီမိုကရေစီ ရရှိရေး…ဒို့အရေး ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ သပိတ်စုံ သူပုန်ထ အာဏာရှင်စနစ်တိုက်ထုတ်ကြ၊ ကျောင်းသားပြည်သူညီရဲ့လားဟေ့…ညီတယ်ဟေ့၊ နှောင်ကြိုးမှတစ်ပါး…ဆုံးရှုံးစရာမရှိ ထိရင်ကြွမယ်…ဖိရင်ချမယ်၊ စစ် ၃စစ်ကိုအမြစ်ဖြတ်ကြ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြ၊ ငါ၏ဦးခေါင်းသည် သွေးချင်းချင်းဖြင့် နီမြန်းလင့်ကစား၊ ငါကားဦးမညွတ်” ဟု ကြွေးကြော်ကာ အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်စစ်‌ကြောင်း ချီတက်ဆန္နပြကြသည်။

Photo – AMM

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article