29.6 C
Yangon

မန္တလေး တိုင်းရင်းဆေးရုံအနီး ကင်းစခန်း ပေါက်ကွဲသံနှင့်ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးဟုဆို၊ အိုးဘိုထောင်ဘက်တွင်လည်း သေနတ်သံကြားရ၊ တောင်ဥက္ကလာပ မီတာရုံးတွင်လည်း ဗုံးပေါက် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

မန္တလေးတိုင်း၊ ရွှေကျင်တိုးဂိတ်အနီး၊ မန္တလေးတိုင်းရင်းဆေးရုံ ကင်းစခန်းတစ်ခုတွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်သံများ ထွက်ပေါ်လာကာ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။ 

ယနေ့ ညနေ ၆ နာရီအချိန်တွင် ရွှေကျင်တိုးဂိတ်အနီး တိုင်းရင်းဆေးကျောင်း ကင်းစခန်းတွင် ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၁ ဦးနှင့် ရဲ ၁ ဦး သေဆုံးကြောင်း၊ ရွှေကျင်တိုးဂိတ်မှ စစ်သားများ သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး သေနတ်သံ အချက် ၅၀ ကျော် ကြားရကြောင်း ဒေသခံများက ပြောသည်။ 

“သေနတ်သံတွေဆိုတာ ဆူညံနေတာပဲ။ ဗုံးပေါက်တာတော့ စစ်ခွေး ၂ ကောင်သေတယ်ပြောတယ်။ အခြေအနေကတော့ စစ်မြေပြင်လိုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ယနေ့ည ၈ နာရီတွင် မန္တလေး အိုးဘိုထောင်တွင် ပစ်ခတ်သံများကြားရကြောင်း အိုးဘိုထောင်အနီးနေထိုင်သူတချို့ထံမှ သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၇ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၊ လျှပ်စစ်မီတာရုံးအနီးတွင် ဗုံးပေါက်ကွဲပြီး ဝန်ထမ်းတဦးနှင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article