26 C
Yangon

သထုံ၊ ထုံးဘိုလေး-ထုံးဘိုကြီးကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် TPG မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေ သထုံမြို့နယ်၊ သိမ်ဆိပ်ကျေးရွာမှ ပိန္နဲတောကျေးရွာသို့ သွားသည့်လမ်း ထုံးဘိုကြီး-ထုံးဘိုလေးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက်တွင် KNLA နှင့် သထုံမြို့ပြပြောက်ကျားများ ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း TPG က သတင်းထုတ်ပြန်သည်။

ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)၊ တပ်ခွဲ (၁)နှင့် သထုံပြည်သူ့ပြောက်ကျား TPG တပ်ဖွဲ့တို့က မိုင်း ၃ လုံး ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ဘီးလင်း၊ ဇီးဝန်းအခြေစိုက် အမှတ် ၃၁၄ အမြှောက်တပ်အတွင်းသို့ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ပြန်လည်ရမ်းသန်း ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ကျေးရွာများအတွင်းသို့ ကျည်များ ကျရောက်ကာ ဘီးလင်း-သထုံ ကားလမ်းတွင် ခရီးသွားကားများ ရာနှင့်ချီ ပိတ်မိနေခဲ့သည်။

KNU တပ်မဟာ ၁ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီသည် သံချပ်ကာအမြှောက်ကား ၄ စီးအပါအဝင် စစ်သည်အင်အား အများအပြားဖြင့် အင်အားဖြည့်တင်းလာကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓါတ်ပုံ – သထုံပြည်သူ့ပြောက်ကျား TPG တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article