26 C
Yangon

ပြည်ကြီးတံခွန်လျှပ်စစ်ရုံးဗုံးခွဲခံရ၊ မြောက်ဒဂုံတွင် ဗုံးပေါက်ပြီး ပစ်ခတ်သံ များထွက်ပေါ်၊ မုံရွာတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်၊ကလေးမြို့နှင့်ဂန့်ဂေါတွင် ညပိုင်း တိုက်ပွဲ ဖြစ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ ညနေပိုင်း လျှပ်စစ် မီတာ ရုံးကို ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်များက ဗုံး ၂ လုံးဖောက် ခွဲခဲ့ ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ပြည်သူများကို ခြိမ်းခြောက်ပြီး မီတာကြေး အဓမ္မကောက်ခံနေပြည်ကြီးတံခွန် မြို့နယ် လျှပ်စစ်ရုံးကိုဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အဆိုပါတိုက်ခိုက်မှုကို YNO Mandalay PDF၊ Eagle Brother PDF၊ Mandalay Ranger Force – PDF (Rangers of Mandalay) မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြိုနယ် ၊ ၃၁ ရပ်ကွက်တွင် ယနေ့ ည ၈ နာရီအချိန် ဗုံးပေါက်ကွဲသံများ ကြားရကြောင်း၊ ယင်းနောက် သေနတ် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောသည်။

“၈ နာရီ ဗုံးကွဲပြီးတော့ ပစ်သတ်ခံကြားရတယ်။ ပထမတစ်ချက်ပစ်တယ်။ နောက်ဒုတိယတစ်ချက် ထပ်ပစ်တယ်။ ကိုယ့်ဘက်က ပစ်တဲ့ အသံလို့ ထင် တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) တပ်ကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း PDF ဘက်က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တွင်လည်း ယနေ့ ညပိုင်း မြို့ပေါ် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article