38 C
Yangon

နွေဦးအတွက် တပ်လှန့်သံလား

Must read

By လမ်းသစ်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)သည် အစဉ်အလာကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခု ဖြစ်သည်။ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၆၁ နှစ်မြောက် ကချင်တော်လှန်ရေး အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန်.ခွန်းက နွေဦးတော်လှန်ရေးအတွက် ခွန်အားဖြစ်စေခဲ့သည်။

KIO အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းလက်တွဲနေပြီဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ ခြင်းဖြစ်သည်။ ထို.အပြင် ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟုလည်း KIO ခေါင်းဆောင်က ဆိုသည်။

စစ်အာဏာရှင်၏ ပေးကမ်းမူကြောင့် ရရှိနေသည့် အခွင့်အရေးများသည် ရေရှည် မခံနိုင်ကြောင်း အားလုံး သိရှိပြီးဖြစ်၍ နောင်တချိန် အချိန်နှောင်းသွားမည် ဟုလည်း ထည့်သွင်းဖော်ပြထားသည်။ အကြမ်းဖက် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်းအားလုံးသည် NUGကို ဝန်းရံရန် လိုအပ်ပြီး ယင်းသို့မဟုတ်ပါက ရေရှည်တွင် ပြသနာများ ဖြစ်ပေါ်လာနိုင်သည်ဟု မိန်.ခွန်းတွင် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တော်လှန်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ အတွက်တော့ စစ်တပ်အကြောင်းကို နောကျေနေပြီလည်းဖြစ်သည်။ ၁၉၉၉၄တွင် စစ်အစိုးရနှင့် ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးက ၁၇နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် ကျိုးပျက်ခဲ့ပြီး စစ်ဘေးဒုက္ခသည် သိန်းချီပေါ်ပေါက်လာမူက KIO၏ အတွေ့အကြုံတစ်ခု ဖြစ်သည်။

ထိုကြောင့် ယခုကဲ့သို့ တော်လှန်ရေးနေ့ မိန်.ခွန်းတွင် ထည့်သွင်းပြောကြားချက်များမှာ အတွေ့အကြုံများကို အခြေခံပြီး ပြည်ထောင်စုသစ် ပေါ်ပေါက်လာရေးအတွက် အမြော်အမြင် ရှိရှိရှိဖြင့် တပ်လှန့် ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်မိန်.ခွန်းကို ခြုံကြည့်ပါက “ငါတို့လည်း တိုက်တော့မယ်၊ မင်းတို့လည်း တိုက်ကြတော့၊ တိုက်ပွဲတွေ ပြင်းထန်လာမယ်၊ ပြင်ဆင်ထားကြတော့” အဓိပ္ပါယ်ဟု လေ့လာသူများက ယူဆကြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့၏ မဟာမိတ်များဖြစ်သည်. တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ကလည်း ယခင်ကာလနည်းတူ လက်ရှိအခြေအနေများအရလည်း စစ်ရေး၊နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု သဝဏ်လွာ ပေးပို့ခဲ့သည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့တွင်လည်း ပါဝင်သည့် ကချင်လွတ်လပ်ရေးအဖွဲ့၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့မှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ အများဆုံး အဖွဲ့ များလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ် တကျော့ပြန်စတင်ခဲ့သည့် ကချင်စစ်ပွဲ၊ ၂၀၁၅ ခုနှစ်က နာမည်ကျော်ကိုးကန့်စစ်ပွဲနှင့် ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းဝန်းကျင် ကာလက စတင်ခဲ့သည့် ရခိုင်စစ်ပွဲများက အထင်အရှားဖြစ်သည်။ အဆိုပါတိုက်ပွဲများသည် စစ်တပ်ကို အထိနာစေခဲ့သည့် တိုက်ပွဲများလည်း ဖြစ်သည်။

ယင်းကြောင့်ပင် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုချက်များမှာ စစ်အာဏာရှင် တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအတွက် အားအင်တိုးပွားစေသည်ဟု ယူဆကြခြင်းဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီးကလည်း မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မူ အားကောင်းလာပြီး ၂၀၂၂မှာ တော်လှန်ရေးအောင်ပွဲခံမည့် နှစ်ဟု မကြာသေးမီက ပြောကြားထားသည်။

အနှစ်ချုပ် ကောက်ချက်ချကြည့်ပါက ကချင်လွတ်လပ်ရေးအဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်းသည် သွေးအေးနေသည့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို တပ်လှန့်လိုက်ခြင်းဟု ယူဆနိုင်သည်။ ရောင်နီကို လက်ကမ်းနိုင်ရန် ရင်ဆိုင်ရမည့် အမှောင်ချိန်ကို ကြိုတင်ပြင်ဆင်နိင်ရေး ပြည်သူများကို အသိပေးလိုက်ခြင်း ဟုလည်း ယူဆမိသည်။ အကြမ်းဖက်စစ်ကောင်စီကိုလည်း လူသိရှင်ကြား ရာဇသံပေးလိုက်ခြင်းဟု ကောက်ချက်ချနိုင်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article