26 C
Yangon

ဆွာမြို့ အမှတ် ၁၉ ခြေမြန်တပ်ရင်းမှ စစ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်ချိန်တွင် တပ်ကို စွန့်ခွာထွက်ပြေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့‌ မြောက်ဘက် ရန်ကုန် – မန္တလေး လမ်းဟောင်း ဘေးရှိ အမှတ်(၁၉) ခြေမြန်တပ်ရင်းမှ စစ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်ချိန်တွင် တပ်ကို စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်း ကင်းလှည့်ချိန်တွင် တပ်သား ၅ ဦးထက်မနည်း လက်နက်အပြည့်အစုံဖြင့် တပ်ကို စွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်သော်လည်း ဖမ်းမမိကြောင်း သိရှိရသည်။ “တပ်ကို စွန့်သွားတဲ့ နှစ်ဦးကတော့ အတိအကျ နာမည်ပါသိရတယ်။ ကျန်တဲ့ ၃ ဦးကတော့ နာမည်တွေ မသိသေးဘူး။ ဖေဖော်ဝါရီ ၆ ရက်နေ့ ည နဲ့ ဖေဖော် ဝါရီ ၇ ရက်နေ့ မနက် ၃ နာရီ ကြားထဲမှာ ပြေးသွားတာ။ ကင်းလှည့်ခိုင်းတဲ့ အချိန် ပြေးသွားတယ်လို့ သိရပါတယ်။ ပြေးတာ လက်နက်ပါ အကုန်ယူသွားကြတယ်” ဟု ဆွာမြို့သတင်းရင်းမြစ်တစ်ခုက ပြောသည်။ လက်ရှိတွင် ပဲခူးတိုင်း၊ဆွာမြို့ အနီးကျေးရွာများအထိပါ စစ်တပ်က ရှာဖွေစစ်ဆေးနေကြောင်း၊ လမ်းဆုံလမ်းခွများကိုလည်း ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း၊ နေရာစုံကို ပိုက်စိတ်တိုက်ရှာဖွေနေကြောင်း၊ လက်ရှိတွင် တပ်ကို စွန့်သွားသူများ ရှာမတွေ့ကြောင်း သိရှိရသည်။ ဆွာမြို့ရှိ အမှတ် ၁၉ ခြေမြန်တပ်ရင်းသည် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာန လက်အောက်ရှိ တပ်တစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article