29 C
Yangon

မင်းကင်း မောက္ကတော်ရွာတွင် တပ်စွဲထားသော စစ်တပ်စခန်း တိုက်ခိုက်ခံရကာ ၂ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ၊ မောက္ကတော်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား၁ဦးနှင့် ပျူစောထီး ၁ဦး သေဆုံးခဲ့ကြောင်း မင်းကင်းနွေဦး တော်လှန်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယင်းတပ်စခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပါ နေထိုင်ပြီး မင်းကင်းမြို့နယ် ပြည်သု့ကာကွယ်ရေးတပ် တပ်ရင်း(၂) MKPDF-2 တပ်ခွဲ (၃) နှင့် Chindwin_Ranger အဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်လုပ် သေနတ် ၁လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article