25 C
Yangon

တန့်ဆည် ကာပေါင်းကျကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄နာရီခန့် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ” ပေချောင်ရွာကို ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ခွေးတွေ အခုလည်း ကာပေါင်းကျရွာကို မီးထပ်ရှို့နေတယ်။ အင်အား ၁၅ဝကျော်လောက်ရှိမယ်။ ရွာထဲမှာတော့ ဘယ်သူမှ မရှိတော့ဘူး ပြေးနေကျရတာ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ရွာနားကို ဘယ်သူ့မှလည်း မကပ်ရဲဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။အဆိုပါ ကျေးရွာအတွင်းသို့ ဒေသခံပြည်သူများက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တွေ့ဆုံမည်ကို ကြောက်လန့်သောကြောင့် လက်ရှိချိန်ထိ ပြန်လည် ဝင်ရောက်ခြင်းမရှိသေးဘဲ အိမ်ခြေမည်မျှ ပျက်စီး ဆုံးရှုံးသည်ကို မသိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article