ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မြစ်ကြီးနားမြို့ အ.ထ.က စီတာပူကျောင်းရှေ့တွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် (၇၅)နှစ်ပြည့်နေ့တွင် အာဏာရှင်စနစ်ဆန့်ကျင်သော ကချင်လူငယ်များ(Youth Against Dictatorship-Kachin)က ဦးဆောင်ကာ တစ်ပြည်ထောင်စနစ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော လှုပ်ရှားမှုအဖြစ် ”ကိုယ့်ကြမ္မာကို ကိုယ်တိုင်ထုဆစ်ကြ၊ အတုအယောင် ပြည်ထောင်စုကို ဖြိုဖျက်ကြ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။